AD
AD
AD
play

 

မြန်မာပြည်မြောက်ဖျားက ခါကာဘိုရာဇီဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နယ်မြေအဖြစ် စက်တင်ဘာလကုန်မှာ အဆိုပြု တင်သွင်းသွားမယ်လို့ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင်က ပြောပါတယ်။

‘‘ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်လောက်အောင် ကြွယ်ဝမှုဆိုတဲ့ အချက်အလက်တွေ တင်သွင်းမယ်။ ဒုတိယအကြိမ်မှာကျတော့ ဒီဒေသမှာရှိတဲ့ အပင်တွေ၊ အကောင်တွေ အသေးစိတ်မှတ်တမ်း တင်ထားတာတွေ အပြည့်အစုံတင်သွင်းမယ်’’လို့ ဦးကျော်ကျော်လွင် ကပြောပါတယ်။

ခါကာဘိုရာဇီဒေသကို ယူနက်စကိုရဲ့ သဘာဝစာရင်းဝင် နယ်မြေအဖြစ် သတ်မှတ်နိုင်ဖို့ စက်တင်ဘာလကုန်မှာ ပထမအဆင့် အစီရင်ခံစာတင်သွင်းပြီး လာမယ့် ၂၀၁၈ ဖေဖော်ဝါရီလမှာ နောက်ဆုံး အစီရင်ခံစာတင်သွင်းမယ်လို့ ဆိုပါတယ်။

play

 

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နယ်မြေအဖြစ် တင်သွင်းဖို့ အလားအလာရှိတဲ့ နယ်မြေတွေ စာရင်းမှာ ပထမဦးစားပေး နယ် မြေဖြစ်တဲ့ ခါကာဘိုရာဇီဒေသက ခါကာဘိုရာဇီအမျိုးသားဥယျာဉ်နဲ့ တောင်ပိုင်းတိုးချဲ့ နယ်မြေအပါအဝင် ဖုန်ကန်ရာဇီဘေးမဲ့တောတို့ ပါဝင်ဖွဲ့စည်း ထားပြီး ဧရိယာဟက်တာ တစ်သန်းအထက် အကျယ်အဝန်းရှိပါတယ်။

 

ကချင်ပြည်နယ် ခါကာဘိုရာဇီဒေသက ကမ္ဘာ့သားရဲ တိရစ္ဆာန်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ အကောင်ရေ ၂၆၀ ကနေ ၃၃၀ အကြားသာ ကျန်ရှိတဲ့ နှာခေါင်းလန်မျောက်မျိုးစိတ်နဲ့  အကောင်ရေတစ်သောင်းအောက်သာ ရှိတော့တဲ့ ပန်ဒါနီမျိုးစိတ်တွေ  ကျက်စားတဲ့ဒေသဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ရင်ဆိုင်နေရတဲ့ သစ်ခွနက်၊ ကျားမင်းသားနှင့် ပန်းသက်ရှည်သစ် များပေါက်ရောက်ရာ ဒေသဖြစ်ဖြစ်ပါတယ်။

Source : 7DayDaily

Photos : Tour world 45

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD