play

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့မှာ နိုင်ငံတော်အခြေပြ မိန့်ခွန်းတစ်ရပ်ကို ပြောကြားမယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

နေပြည်တော်မှာ ပြောကြားမယ့် အဆိုပါမိန့်ခွန်းအတွက် ပြည်တွင်း ပြည်ပ မီဒီယာတွေနဲ့ နိုင်ငံတကာသံတမန်တွေကိုလည်း ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်ခံရမှုကိစ္စတွေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို သွားမတက်ဖြစ်တဲ့ အကြောင်းတွေကိုလည်း ရှင်းပြမယ်လို့ ဆိုပါတယ်။

play

 

ကုလသမဂ္ဂအထွေထွေညီလာခံကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဖြစ်တဲ့ အကြောင်းရင်း ရှင်းလင်းတာကို ဒီနေ့ညနေပိုင်းက နေပြည်တော်မှာပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ဖြစ်တဲ့ အကြောင်းရင်း လေးချက်ရှိတယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေကို ပြောပါတယ်။

 

ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ ဒေသခံ တိုင်းရင်းသားတွေကို လူသားချင်းစာနာထောက်မှု အကူအညီပေးရမှာတွေ၊ ရခိုင်အရေးကို အကြောင်းပြုပြီး ပြည်တွင်းမှာ မတည်မငြိမ်မဖြစ်အောင် တည်ငြိမ်ရေး အလေးထားလုပ်ရတာတွေ၊ အကြမ်းဖက် တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ရထားတာနဲ့ သမ္မတဦးထင်ကျော် ထိုင်းနိုင်ငံမှာ ဆေးကုသနေတဲ့ အချက်တွေကြောင့်လို့ ဦးဇော်ဌေးက ပြောပါတယ်။

Source : 7DayTV

Photos : UN,State Counsellor Office

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video