play

 

ရဲတပ်ဖွဲ့ဝင်တွေ တာဝန်လစ်ဟင်းမှုမရှိစေဖို့ လုံခြုံရေးတာဝန်ထမ်းဆောင်နေတုန်းမှာ ဆက်သွယ်ရေးကိစ္စတွေကလွဲပြီး လက်ကိုင်ဖုန်းအသုံးမပြုဖို့ သတိပေးထားကြောင်း မန္တလေးတိုင်းရဲအကူတပ်ဖွဲ့ခွဲမှ ဒုရဲမှူးကြီးဝင်းချွန်က ပြောပါတယ်။

လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်ကိုင်ဖုန်းအသုံးပြုပြီး ဖေ့စ်ဘွတ်ခ်နဲ့ လက်ကိုင်ဖုန်းကို အာရုံစူးစိုက်နေတာတွေ့ရင် ပထမအကြိမ်နဲ့ ဒုတိယအကြိမ်မှာ သတိပေးပြီး တတိယအကြိမ်မြောက် ကျူးလွန်မယ်ဆိုရင် အုပ်ချုပ်မှုနည်းလမ်းနဲ့  ပြစ်ဒဏ်ပေးမယ်လို့ ဆိုပါတယ်။

 

‘‘တချို့တာဝန်ထမ်းဆောင်ချိန်မှာ လက်ကိုင်ဖုန်းပွတ်နေရင် စစ်ဆေးရမယ့် ကိစ္စရပ်တွေ၊ မသင်္ကာတဲ့ကိစ္စရပ်တွေကို ပြည့်စုံအောင် မလုပ်နိုင်ဘူး။ ကိုယ်ပိုင်အနားယူတဲ့ အချိန်ကတော့ အသုံးပြုလို့ရပေမယ့် တာဝန်ချိန်တွေမှာတော့ သုံးလို့မရပါဘူး’’လို့ ဒုရဲမှူးကြီးဝင်းချွန်က ပြောပါတယ်။

သတိပေးတားမြစ်ထားတာကို မလိုက်နာဘဲ လက်ကိုင်ဖုန်းအသုံးပြုရင် အုပ်ချုပ်မှုနည်းလမ်းဖြစ်တဲ့ အချိန်ပိုတာဝန် ထမ်းဆောင်ခိုင်းတာတွေ သန့်ရှင်းရေးတာဝန်ထမ်းဆောင်ခိုင်းတာတွေစတဲ့ ပြစ်ဒဏ်မျိုးကို အပြစ်ပေးမယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်းဒေသကြီးထဲမှာ အကြမ်းဖက်မှုတွေ၊ ဖောက်ခွဲမှုတွေ မဖြစ်ပွားစေရန်ဖို့ မြို့ထွက်များ၊ လူစည်ကားတဲ့ နေရာတွေမှာ နေ့ည လုံခြုံရေးလှည့် ကင်းဆောင်ရွက်တာတွေ၊ ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ ဆောင်ရွက်နေတယ်လို့ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Source & Photos  : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video