play


တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း “ဒေါ့ဆူရီ” (Doksuri) က စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဗီယက်နမ်နိုင်ငံကမ်းခြေကို ဖြတ်ကျော် ၀င်ရောက်နိုင်ပြီး အဆိုပါမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံက ဒေသတချို့မှာ မိုးကြီးနိုင်တယ်လို့ မိုးဇလဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အပူပိုင်းမုန်တိုင်း “ဒေါ့ဆူရီ” (Doksuri) ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေကြောင့် စက်တင်ဘာလ ၁၆ ရက်ကနေ ၁၉ အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်မိုးကြီးတာတွေ နေရာကွက် မိုးကြီးပြီး လေပြင်းတိုက်ခတ်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

 

လေပြင်းတွေတိုက်ခက်တဲ့အချိန်မှာ မြေပြင်လေက တစ်နာရီကို မိုင်(၃၀) အထိ တိုက်ခတ်နိုင်ပြီး ကုန်းမြင့်ဒေသမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို၊ မြစ်ငယ်ချောင်းငယ်တွေနားမှာ နေထိုင်ကြသူများအနေနဲ့ မြစ်ရေ ရုတ်တရက်မြင့်တက်လာနိုင်ပြီး ရေကြီးရေလျှံတာတွေ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Source & Photo : DMH

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video