AD
AD
AD
play

 

ရန်ကုန်မြို့လယ် လူစည်ကားရာနေရာမှာ ဖွင့်လှစ်ထားတဲ့ ရတနာဆိုင်တစ်ခုမှာ အမျိုးသားတစ်ဦး ၀င်ရောက်ပြီး ကျပ်သိန်း ၈၀ တန် ရတနာပစ္စည်း တစ်မျိုးကို လုယက်မှု စက်တင်ဘာလ ၁၅ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်းပေါ် ၂၉ လမ်းနားမှာ ဖွင့်လှစ်ထားတဲ့ Dia-mond 54 ရတနာဆိုင်မှာ အရောင်းဝန်ထမ်း မိန်းကလေးက စိန်ထည်ပစ္စည်း ၂၉ မျိုး ထည့်ထားတဲ့ အမျိုးသမီးကိုင် လွယ်အိတ်ကို ကောင်တာစားပွဲပေါ်ထားပြီး ဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတုန်းမှာ အမျိုးသားတစ်ဦးက ၀င်ရောက်လုယက်ခဲ့တာလို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

 

အဆိုပါ အမျိုးသားက ဆိုင်ဝန်ထမ်းမိန်းကလေး ပါးစပ်ကို တိပ်နဲ့ပတ်ပြီး ဦးခေါင်းကို စားပွဲပေါ်ဆောင့်တွန်းကာ အိတ်ထဲမှာ ထည့်ထားတဲ့ စိန်ထည်ပစ္စည်း ၂၉ မျိုးထဲက ပတ္တမြားတစ်လုံးကို ခရုပတ် ပုံစီခြယ်ထားတဲ့ ဆွဲသီးကို လုယူသွားတာလို့ ဆိုပါတယ်။

‘‘ဆိုင်ဖွင့်ခါစဆိုတော့ ပစ္စည်းတွေကို မစီရသေးဘူး။ ဈေးကြီးတဲ့ဟာကိုပဲ ရွေးယူသွားတာ။ ကောင်မလေးကအော်တော့ ကောင်မလေးဗိုက်ကို လက်သီးနဲ့ ထိုးပြီးပြေးသွားတာ။ ပစ္စည်းတွေ အများကြီးထဲကမှ ကျန်တာတွေ မယူဘဲ တန်ဖိုးကြီးတာကို ရွေးယူ သွားတယ်ဆိုတော့ ဆိုင်မှာ အ လုပ်လုပ်ဖူးတဲ့သူ ဖြစ်နိုင်တယ်’’လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ရတနာဆိုင်ကို ၀င်ရောက်လုယက်တဲ့ အသက် (၃၀)အရွယ် အမျိုးသားကို ပန်းဘဲတန်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၈၂ နဲ့ အမှုဖွင့်စုံ စမ်းနေတယ်လို့ သိရပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD