AD
AD
AD
play

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဘင်္ဂါလီအကျပ်အတည်းက မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးသာဖြစ်ပြီး မြန်မာအစိုးရက အပြည့်အဝ ကိုင်တွယ်ဖြေရှင်းဖို့ အခွင့်အရေးရှိသင့်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာဇာခါရိုဗာက ပြောလိုက်ပါတယ်။

‘‘မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခ တွေ ဖြေရှင်းနိုင်ရေးကို ရုရှားက တတ်အားသရွေ့ ထောက်ခံနေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ပြည် တွင်းရေးကိစ္စတစ်ခုကို တခြားနိုင်ငံတွေက ဝင်စွက် ဖက်တာမျိုးမလုပ်ဖို့လည်း တောင်းဆိုပါတယ်’’လို့ ဇာခါရိုဗာက ပြောပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့ရာမြှ ဘင်္ဂါလီမျိုးနွယ်စုအများအပြား ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

play

 

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ဖိအားပေးဖို့ နိုင်ငံတကာက တောင်းဆိုမှုများထွက်ပေါ်လာသလို ဘင်္ဂါလီအရေးကို ကုလသမဂ္ဂ လုံခြုံရေးညီလာခံမှာ ထည့်သွင်းဆွေးနွေးဖို့ ဗြိတိန်နဲ့ ဆွီဒင်တို့က အဆိုပြုခဲ့ပါတယ်။

 

ဇာခါရိုဗာကမူ ရုရှားအနေ ဖြင့် ယခုပြဿနာသည် အချုပ် အခြာ အာဏာပိုင်နိုင်ငံတစ်ခု ရင် ဆိုင်နေရသည့် ပြည်တွင်းရေးအ ကျပ်အတည်းတစ်ခုအဖြစ် အပြည့်အဝ လက်ခံကြောင်း ဆို သည်။

ဇာခါရိုဗာက မြန်မာအစိုးရ တာဝန်ရှိသူတွေက ရွှေ့ပြောင်းဘင်္ဂါလီတွေ အခြေတကျပြန်ဖြစ်ရေး တစ်ဆင့်ချင်းလုပ်ဆောင်နေတာကို ရုရှားက အသိအမှတ်ပြု ကြောင်းနဲ့ လက်ရှိ ပြဿနာရဲ့အလားအလာက  အကောင်းဘက် ဦးတည်လာမယ်လို့လည်း ဇာခါရိုဗာက ပြောပါတယ်။

Source : 7DayDaily

Photos : EPA,AFP

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD