AD
AD
AD
play

 

မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်မှာရှိတဲ့ ရွှေပြည်တိုး သံရည်ကျိုစက်ရုံမှာ စက်တင်ဘာ ၁၅ ရက် မနက် ၁၀ နာရီလောက်က အ ရည်ကျိုဖို့ လာပို့တဲ့ သံထည်ပစ္စည်းတွေထဲကနေ M16 မောင်း ပြန်သေနတ်တစ်လက်နဲ့  ကာဘိုင်သေနတ်တစ်လက် အပါအ၀င် ဆက်စပ်ပစ္စည်းတွေ တွေ့ရှိခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

သံရည်ကျိုစက်ရုံကို သံတို သံစတွေ အရည်ကျိုဖို့လာပို့တဲ့ မော်တော်ယာဉ်တစ်စီးပေါ်က သံပိုက်တွေထဲမှာ အချင်း ၈ လက်မ၊ အရှည် ၄ ပေကျော် ရှိတဲ့ အလုံပိတ်သံပိုက်လုံးကို မူလီတွေဖြုတ်ပြီး စစ်ဆေးခဲ့ရာမှာ သံပိုက်ထဲမှာ ပီနန်အိတ်နဲ့ ထုပ်ထားပြီး ကိုယ်ထည်ပိုင်းနဲ့ ဒင် ပိုင်းဖြုတ်ထားတဲ့ သေနတ်နှစ်လက်တွေ့ရှိခဲ့တာလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အရာရှိတဦးက ပြောပါတယ်။

 

ဒီလိုတွေ့ရှိခဲ့တာကို အဆိုပါ စက်ရုံမန်နေဂျာက ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်ပြီး ဘယ်နေရာကနေပါလာတာကို စုံစမ်းနေကာ လတ်တလောမှာ ပိုင်ရှင်မဲ့အဖြစ် ရဲတပ်ဖွဲ့က သိမ်းဆည်းထားတယ်လို့ အဆိုပါ ရဲအရာရှိက ပြောပါတယ်။

သံပိုက်လုံးထဲကနေတွေ့ခဲ့တဲ့ M16 သေနတ်နဲ့ ကာဘိုင်သေနတ်က မောင်းတင်ပစ်ခတ်လို့ပြီး ကျည်ဆန်ဖြည့်ထားတဲ့ ကာဘိုင်ကျည်ကတ်သုံးခုထဲက ကျည်ဆန်တွေအပါအ၀င် ကာဘိုင်ကျည် ၂၀၄ တောင့်၊ G 3 ကျည် ၁၅ တောင့်နဲ့  ၉ မမ ကျည် ၉ တောင့်တို့ကိုပါ တွေ့ရှိ ခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD