play

 

မနက်ဖြန် စက်တင်ဘာလ ၉ ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ အင်္ဂလိပ်လိုပြောကြားမယ့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို တိုက်ရိုက်ထုတ်လွှင့်ရာမှာ မြန်မာစာတန်းထိုးနိုင်၊ မထိုးနိုင် မသေချာပေမယ့် ထပ်မံထုတ်လွှင့်ချက်မှာ မြန်မာစာတန်းထိုးပေးမယ်လို့ ပြန်ကြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောပါတယ်။

‘‘Subtitle (စာတန်း)ထိုးနိုင်၊ မထိုးနိုင်ဆိုတာ မိန့်ခွန်းရတဲ့၊ မရ တဲ့အပေါ်မှာ မူတည်ပြီး လုပ်ရမှာ ပေါ့။ သေချာတာတစ်ခုကတော့ အဲဒီအချိန်မှာ မရလိုက်ရင် ပြီး သွားတဲ့အချိန်မှာ ကိုယ်တို့က အမြန်ဆုံးဘာသာပြန်ပြီး နောက် တစ်ခါပြန်လွှင့်တဲ့ အချိန်ကျရင် ထိုးနိုင်မှာပေါ့။ ဒါတော့ ပြောနိုင် တယ်’’လို့ ဦးမျိုးမြင့်မောင်က စက်တင်ဘာ ၁၇ ရက် ညမှာ ပြောပါတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်ရေးသားနေလို့ နိုင်ငံတော်သမ္မတရုံးကလည်း မိန့်ခွန်းကြိုတင်မရရှိသေးဘဲ တိုက်ရိုက်ထုတ်လွှင့်ချိန်မျာ မြန်မာစာတန်းနဲ့ ဖော်ပြနိုင်ခြင်း ရှိ၊ မရှိကို အ တည်မပြုသေးပါဘူး။

 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် လက်ရှိ ကျင်းပနေသော ကုလသမဂ္ဂအထွေထွေညီလာခံ သို့ တက်ရောက်နိုင်ခြင်းမရှိ၍ မိန့်ခွန်းပြောကြားရန် စီစဉ်ခဲ့ပြီး နိုင်ငံတကာသံတမန်များ၊ ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာများ စွာ တက်ရောက်မည်ဖြစ်သည်။

စက်တင်ဘာ ၁၉ ရက် မနက် ၁၀ နာရီမှာ တိုက်ရိုက်ထုတ်လွှင့်မယ့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို မြို့ကြီးတချို့ရှိ လူစည်ကားရာနေရာတွေမှာ LED ဘုတ်တွေနဲ့ ပြသမှာဖြစ်ကာ မန္တလေးတိုင်းဒေသကြီးအစိုးရက မန္တလေးရှိ ကြည့်ရှုသူတွေ အဆင်ပြေစေဖို့ မြန်မာဘာသာပြန်ဆို ပေးမှာဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမယ့်အစီအစဉ်ကို တက်ရောက်ဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြား ရေးဝန်ကြီး ပက်ထရစ်မာဖီအပါအ၀င် နိုင်ငံတကာသံတမန် ၉၀ ကျော် စာရင်းပေးထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : State Counsellor Office

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video