play

 

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေအားအလွန်ကောင်းနေပြီး ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းနဲ့မိုးကြီးမယ့် အန္တရာယ်ရှိနေတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

‘‘မုတ်သုံလေက အားပြန် ကောင်းလာနေတယ်။ ဒါကြောင့် မိုးများ နိုင်တယ်။ အထူးသဖြင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးနဲ့ လေပြင်းသတိထားဖို့ လိုတယ်’’လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာ စက်တင်ဘာ ၁၅ ရက်က စတင်ဖြစ်ပေါ်ခဲ့တဲ့ လေဖိအားနည်းရပ်ဝန်းက စက်တင်ဘာ ၁၇ ရက်အထိ ဆက်လက်တည်ရှိနေကာ အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် မုတ်သုံလေ ပိုမိုအား ကောင်းစေတယ်လို့  ဒေါက်တာထွန်းလွင်က ရှင်းပြပါတယ်။

play

 

အနောက်တောင်မုတ်သုံလေ ဆုတ်ခွာနေလို့ စက်တင်ဘာ လဆန်းကစပြီး မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ နေရာကွက်မိုးကောင်းခဲ့ပြီး တောင်တရုတ်ပင်လယ်မှ ဒေါ့ဆူရီအပူပိုင်း မုန်တိုင်းကလည်း မုန်တိုင်းငယ်အဆင့်နဲ့ မြန်မာနိုင်ငံဘက်ကို ရွေ့လျားပြီး မိုးနဲ့ လေပြင်းထပ်မံ အားကောင်းခဲ့ပါတယ်။

 

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ကချင်၊ ကယားပြည်နယ်နဲ့ နေပြည်တော်ကလွဲပြီး ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ နေရာကွက်မိုးကြီး နိုင်တယ်လို့  သတင်းထုတ်ပြန် ထားပါတယ်။

Source : 7DayDaily

Photos : U Tun Lwin Facebook

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video