AD
AD
AD
play

 

မန္တလေးတိုင်း၊ ၀မ်းတွင်းမြို့နယ်ရှိ တမာကုန်းကျေးရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုမှာ  မူကြိုတက်နေတဲ့ ကျောင်းသူနှစ်ဦးက တရုတ်ကနေလာတဲ့ ကြက်အူချောင်းစားမိတာကနေ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

(၃)နှစ်ခွဲအရွယ် ကျောင်းသူနှစ်ဦးက စက်တင်ဘာ ၁၆ ရက်မှာ ကြက်အူချောင်းစားမိတာကနေ အော့အန်မူးဝေပြီး မိတ္ထီလာ ကလေးဆေးရုံမှာ တက်ရောက် ဆေးကုသမှုခံယူခဲ့ရတယ်လို့ တမာကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က ပြောပါတယ်။

‘‘ဈေးဆိုင်တွေမှာရောင်းတော့ ကလေးတွေက ဝယ်စားလိုက်တယ်။ ဒီလို အစားအ သောက်တွေကိုလည်း မရောင်းချဖို့ မှာထားပါတယ်။ မိဘတွေက စိုးရိမ်ပြီး ဆေးရုံပို့လိုက်တယ်။ အခုတော့ အားလုံးသက်သာလာပါပြီ’’လို့ ဦးမျိုးမင်းအောင်က ပြောပါတယ်။

 

အဆိုပါ ကျောင်းမုန့်ဈေးတန်းမှာ တရုတ်နိုင်ငံကနေလာတဲ့ အစားအစာတွေ ရောင်းချတာတွေမလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းထားပြီး သက် ဆိုင်ရာ ကျန်းမာရေးဦးစီးဌာနနဲ့ ပူးပေါင်းကာ အခြားစာသင်ကျောင်းတွေမှာ ရောင်းချတာမလုပ်ဖို့ ပြောကြားထားကြောင်း ဦးမျိုးမင်းအောင်က ပြောပါတယ်။

ဒီလို အစာအဆိပ်သင့်ဖြစ်ပွားမှုကို မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တင်ပြအသိပေးထားတာ မရှိသေးပေမယ့် ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စစ်ဆေးသွားမယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD