play

 

ရန်ကုန်လေဆိပ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ နိုင်ငံခြားငွေတွေကို ဖမ်းဆီးပေးတဲ့သူတွေကို ဖမ်းမိတဲ့ ငွေထဲက သုံးဆယ်ရာခိုင်နှုန်း ဆုကြေးပေးသွားမယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးအဖွဲ့ ဥက္ကဌ ရဲမှူးချုပ် မြဝင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ  ၁၀ ရက်နေ့ မနက်ကိုးနာရီ ကျော်လောက်မှာ ရန်ကုန်လေဆိပ်ကနေ စကာင်္ပူနိုင်ငံ ချန်ဂီလေဆိပ်ကို ထွက်ခွာမယ့် မြန်မာနိုင်ငံသား ခရီးသည် တစ်ဦးဆီက ကာလပေါက်ဈေး မြန်မာငွေတန်ဖိုး စုစုပေါင်း ကျပ်သိန်းငါးထောင်ကျော်ဖိုးရှိတဲ့ အိန္ဒိယ နိုင်ငံသုံး ရူးပီးငွေနဲ့ အမေရိကန် နိုင်ငံသုံး ဒေါ်လာတွေကို ဖမ်းမိခဲ့တာပါ။

ဒီနှစ် မေလ အတွင်းကလည်း အဲဒီလို နိုင်ငံခြားငွေ တရားမဝင်သယ်ဆောင်လာတဲ့ ဖြစ်စဉ်တစ်ခုကို ဖမ်းဆီးနိုင်ခဲ့ပြီး မြန်မာကျပ်ငွေစုစုပေါင်း ကျပ်သိန်းရှစ်ထောင် တန်ဖိုးရှိတဲ့ နိုင်ငံခြားငွေ တွေဖမ်းမိခဲ့တယ်လို့ ရဲမှူးချုပ် မြဝင်းရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

မနေ့က ညပိုင်းကလည်း ရန်ကုန်လေဆိပ်ကနေ ထိုင်းနိုင်ငံဒွန်းမောင်း လေဆိပ်ကို ထွက်ခွာမယ့် မြန်မာနိုင်ငံသားတစ်ဦးဆီက ကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိတဲ့ ရူပီးငွေတွေနဲ့ ထိုင်းနိုင်ငံသုံး ဘတ်ငွေတွေ ကိုဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

မြန်မာနိုင်ငံအကောက်ခွန်ဥပဒေအရ ပြည်ပကို အမေရိကန်ဒေါ်လာတစ်သောင်း ဒါမှမဟုတ် ကန်ဒေါ်လာတစ်သောင်းနဲ့ ညီမျှတဲ့ နိုင်ငံခြားငွေ ပမာဏကို တရားဝင်သယ်ဆောင်ခွင့်ရှိပြီး အဲဒီပမာဏထက် ပိုသယ်ချင်ရင် သက်ဆိုင်ရာအ ခွန်ဌာနမှာ အကြောင်းကြားစာဖြည့်ပြီး တရားဝင်ခွင့်ပြုပေးမှပဲ သယ်ဆောင်ခွင့်ရှိတာ ဖြစ်ပါတယ်။

Source : CNB

Photos :  Yangon Police

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video