play
နိုင်ငံတော်အတိုင်ပင်ခံ မိန့်ခွန်းကို လာရောက်နားထောင်နေကြစဉ်။

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုရရှိဖို့ဆောင်ရွက်ရာမှာ နိုင်ငံတကာရဲ့ စေ့စေ့စပ်စပ် စစ်ဆေး စိစစ်တာတွေကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီနေ့ (စက်တင်ဘာ ၁၉ ) မနက် ၁၀ နာရီက နေပြည်တော်အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အခုလို ပြောကြားခဲ့တာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု မှန်သမျှကို ရှုတ်ချကြောင်း ပြောဆိုပြီး ရခိုင်တပြည်နယ်လုံးရဲ့ ပြန်လည် ထူထောင်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။
 

ရခိုင်ပြည်နယ် ဖြစ်စဉ်တွေကြောင့် မွတ်ဆလင်တွေ သိန်းနဲ့ချီ ထွက်ပြေးနေတယ်လို့ သတင်းတွေကပြောပေမယ့် မွတ်ဆလင် ၅၀ ရာခိုင်နှုန်းကျော်က ပဋိပက္ခဇုံထဲမှာပဲ နေထိုင်နေကြဆဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ပုံမှန်အနေအထားဖြစ်အောင် ပြန်လည်လုပ်ဆောင် နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်စိစစ်တဲ့ လုပ်ငန်းစတင်ဖို့ ဘယ်အချိန်မှာ မဆို အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ဒီနေ့ပြောကြားခဲ့တဲ့ မိန့်ခွန်းအစီအစဉ်ကို နိုင်ငံတကာသံတမန် အသိုင်းအ၀ိုင်းနဲ့ ပြည်တွင်းပြည်ပ သတင်းထောက်တွေ တက်ရောက်ခဲ့ပြီး ပြည်တွင်းက မြို့အများစုမှာ LED ဆိုင်းဘုတ်တွေ၊ ပရိုဂျက်တာတွေနဲ့ ပြသခဲ့ပြီး ပြည်သူထောင်ပေါင်းများစွာ လာရောက် စောင့်ကြည့် နားထောင်ခဲ့တယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video