play

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကာရံတဲ့လုပ်ငန်းတွေ ချက်ခြင်းဆောင်ရွက်နိုင်ဖို့အတွက် ပထမအဆင့်အနေနဲ့ ကျပ်နှစ်ဆယ် ဘီလီယံကို အစိုးရက လက်ငင်းဖြည့်ဆည်းပေးမယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ခြံစည်းရိုးကာရံဖို့အတွက် ပြည်ထဲရေးဝန်ကြီးဌာနကနေ ရန်ပုံငွေတင်ပြတောင်းခံတာဖြစ်ပြီး ကာကွယ်ရေး ဝန်ကြီးဌာနကို လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

နယ်စပ်ခြံစည်းရိုး ကာရံဖို့အတွက် ပြီးခဲ့တဲ့ ၂၀၀၉ - ၂၀၁၀ ခုနှစ်ကနေ ၂၀၁၇-၂၀၁၈ ခုနှစ် အထိ ဘဏ္ဍာနှစ်တွေမှာ နှစ်စဉ်ခန့်မှန်းခြေ ငွေစာရင်းနဲ့ ဖြည့်စွက်ခွင့်ပြုငွေ စုစုပေါင်း ငွေကျပ်ဘီလီယံ ( ၁၉၀ ) ကျော်ကို ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

play

 

လက်ရှိ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာတော့ ခြံစည်းရိုးကာရံတာနဲ့ ဆက်စပ်လုပ်ငန်းတွေအတွက် ငွေကျပ် ခြောက်ဘီလီယံကျော်ကို ခွင့်ပြုပေးခဲ့ပြီး ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ငွေကျပ်နှစ်ဘီလီယံကျော်ကို ထပ်မံသုံးစွဲဖို့ ဆောင်ရွက်နေသလို ကာကွယ်ရေး ဝန်ကြီးဌာနကို လုပ်ငန်း အပ်နှံဆောင်ရွက်ထားပြီးပြီးလို့ သိရပါတယ်။

 

နယ်စပ်ခြံစည်းရိုး ပျက်စီးနေတာတွေကို ပြုပြင်တာနဲ့ ကျန်တဲ့နေရာတွေကို ကာရံတာ အမြန်ဆုံးလုပ်ဆောင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့မှာ ညွှန်ကြားထားဘူးပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ နယ်နိမိတ် မိုင်ပေါင်း ၁၆၈ ဒသမ ၅၇ မိုင်ကို နယ်နိမိတ်စည်းရိုး ကာရံမှုကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး လက်ရှိမှာ မိုင်ပေါင်း ၄၂ မိုင် ကာရံဖို့ရှိနေသေးတယ်လို့ ဒုသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : Mizzima

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video