AD
AD
AD
play
ကလေး-တမူး ကားလမ်းပေါ်ရှိ ခမ်းပတ်ကနန် ကြားတံတား ချဉ်းကပ်လမ်းကို ရေတိုက်စားနေစဉ်။

 

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်မှာ ရေကြီးတာတွေနဲ့ မြေပြိုတာတွ ဆက်လက်ရင်ဆိုင်နေရပြီး အဆိုပါတိုင်းဒေသကြီးနဲ့ ပြည် နယ်ကိုးခုမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီ တိုင်းဒေသကြီးတွေမှာ နေရာကွက် မိုးကြီးခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ ရေကြီးရေလျှံတာတွေနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီးမှာ မြစ်သာမြစ်နဲ့ ချင်းတွင်း မြစ်ရေတက်လာလို့ ကလေး၊ ပြင်သာ၊ ကလေးဝနဲ့ တမူးမြို့နယ်တို့က မြေနိမ့်ပိုင်းရပ်ကွက်တွေ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးနဲ့ တမူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ချောင်းကူး တံတားတစ်စင်း ရေတိုက်စားပြီး ပျက်စီးခဲ့တာကြောင့် ဒေသခံတွေ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြုံတွေ့ခဲ့ရပါတယ်။

စက်တင်ဘာ ၁၉ ရက်ကလည်း တိုင်းနဲ့ပြည်နယ်တွေက မြို့ ၁၃ မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့မှာ တစ်နေ့တည်း မိုးရေချိန် ၇ ဒသမ ၆၈ လက်မရွာခဲ့တယ်လို့ မိုးဇလဦးစီးဌာကန သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Photo : Myo Myint Aung

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD