AD
AD
AD
play
မိုင်းနှင့်တိုက်ခိုက်ခံခဲ့ရသည့်နေရာကို တွေ့ရစဉ်။

 

ရခိုင်ပြည်နယ်ကို ကယ်ဆယ်ရေးပစ္စည်းတွေ သွားရောက်ပို့ဆောင်တဲ့ ကားတစ်စီးက မြောက်ဦးမြို့နဲ့ မင်းပြားမြို့နယ်ကြားလမ်းပိုင်းမှာ မိုင်းနဲ့ တိုက်ခိုက်ခံရမှု စက်တင်ဘာလ ၁၉ ရက်ညက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေကြောင့် နေရပ်စွန့်ခွာပြီး ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေသူတွေကို ထောက်ပံရန်သွားတဲ့ ကားတစ်စီးက မြောက်ဦးမြို့နဲ့ မင်းပြားမြို့နယ်ကြား မိုင်တိုင် ၉၆ နားမှာ တိုက်ခိုက်ခံရတာလို့ ချမ်းမြသစ္စာလူမှုကူညီရေးအသင်းမှ ဦးဝေဟင်မိုးက ပြောပါတယ်။

" ပထမပေါက်ကွဲသံကြားတော့ ကားဘီးပေါက်တယ် မှတ်တာ။ နောက်နှစ်ချက် ထပ်ကြားမှ မိုင်းမှန်းသိတာ။ ကားတော့ အနည်းငယ်ပျက်စီးခဲ့ပါတယ်။ လူတွေကတော့ မထိပါဘူး"လို့ ဦးဝေဟင်မိုးက ပြောပါတယ်။

မိုင်းနဲ့ တိုက်ခိုက်ခံရမှုက ည ၇နာရီ မိနစ် ၂၀ လောက်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းလုံခြုံရေးအဖွဲ့ရောက်လာခဲ့ပြီးနောက်ပိုင်း ည ၉ နာရီလောက်ပါ သွားလာခွင့်ပြုခဲ့တယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကနေသိရပြီး ပြစ်မှုကျုးလွန်သူကို စုံစမ်းဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။

Source & Photo : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD