AD
AD
AD
play

 

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေနဲ့ ပတ်သက်ပြီး စည်းကမ်းပျက်သူတွေကို အချုပ်ခန်းထဲထည့်၊ ကြိမ်ဒဏ်ပေးနိုင်မယ်ဆိုရင် ဒဏ်ငွေဆောင်ခိုင်းတာထက် ပိုကောင်းတယ်လို့ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောလိုက်ပါတယ်။

ဒီနေ့ (စက်တင်ဘာ၂၀ ရက်)မှာကျင်းပခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ် ဦးရန်ရှင်းရဲ့“စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေကို ထိထိရောက်ရောက် ဒဏ်ငွေတပ်ပြီး အရေးယူကြပ်မတ်သွားဖို့ အစီစဉ်ရှိမရှိ” ထပ်ဆင့်မေးခွန်းကို ဖြေကြားရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

play

 

“ကျွန်တော် ဒီမေးခွန်းကို တမင်တကာ ချန်ပြီးတော့ မဖြေသွားတာပါ။ ဘာလို့လဲဆိုတော့ ဒဏ်တပ်တဲ့ကိစ္စမှာ ဒဏ်တပ်နေရုံနဲ့ မပြီးပါဘူး။ ဘာလို့လဲဆို ချမ်းသာလေလေ၊ စည်းကမ်းပျက်လေလေ၊ ဒဏ်ငွေ ဆောင်နိုင်ရင်ပြီးရောဆိုတဲ့ ဥစ္စာမျိုး ဖြစ်တဲ့အတွက်ကြောင့် ဒီဒဏ်ငွေ ငွေရဖို့ထက် စည်းကမ်းရှိဖို့ အရေးကြီးပါတယ်။ အဲ့ဒီတော့ လောလော ဆယ်ကတော့ စည်းကမ်းပျက်တဲ့လူတွေ အချုပ်ခန်းထဲ ထည့်နိုင်မယ်၊ ဒါမှမဟုတ် On the Spot မှာ ကြိမ်ဒဏ်ပေးနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ”လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

 

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တာတွေနဲ့ပတ်သက်ပြီး ပညာပေးရုံသာမကပဲ အရေးယူဆောင်ရွက်တာတွေ ထိထိရောက်ရောက် ဆောင်ရွက်မယ်ဆိုရင် ပြည်သူလူထုက လိုက်နာပြီး စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေးကို  ကိုယ်စားလှယ် ဦးရန်ရှင်းက ထပ်ဆင့်မေးခွန်းမေးမြန်းရာမှာ ထည်းသွင်းပြောကြားခဲ့ပါသေးတယ်။

Source : The Ladies News

Photos : PCCD

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD