AD
AD
AD
play
စက်တင်ဘာလ ၂၀ ရက်က ကလေးမြို့ရေကြီးမှု မြင်ကွင်း။

 

နေရာကွက်မိုးကြီးခဲ့တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ရေကြီး၊ ရေလျှံမှုဖြစ်ပွားနေပြီး ဒေသခံ ၅၀၀၀ ကျော်ကို အရေးပေါ် နေရာရွှေ့ပြောင်းပေးထားရတယ်လို့ သိရပါတယ်။

မြစ်ရေကြီးလာလို့ နည်းပညာတက္ကသိုလ် (ကလေး)မှာ ဆရာနဲ့ ကျောင်းသား ၁၀၀ လောက် ပိတ်မိနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေး ဝန်ကြီး ဒေါက်တာဇော်ဝင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်မှာ ပြီးခဲ့တဲ့ ငါးရက်လောက်ကစပြီး နေရာကွက်မိုးကြီးခဲ့ကာ မြစ်ရေမြင့်တက်လာလို့ ရေကြီးနစ်မြုပ်မှုနဲ့ မြေပြိုမှုတွေ ရင်ဆိုင်နေရပြီး ပိတ်မိသူတွေကို တိုင်းအစိုးရအစီအစဉ်နဲ့ ကူညီဖို့ စီစဉ်နေကာ စားနပ်ရိက္ခာပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

play
စက်တင်ဘာလ ၂၀ ရက်က ကလေးမြို့ရေကြီးမှု မြင်ကွင်း။

 

‘‘ကလေးမြို့မှာ မနက်ကအထိ ၂,၂၀၀ ကျော်ကို ရေဘေးလွတ်ရာ ရွှေ့ထားခဲ့ရတယ်။ ဒီညနေမှာ ထပ်ရွှေ့ရတယ်။ အခုဆို စုစုပေါင်း လူဦးရေ ၅,၀၀၀ ကျော်နေပြီ"လို့ စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးစဝီလီဖရန့်က ပြောပါတယ်။

၂၀၁၅ ရေဘေးကြုံတွေ့ခဲ့တဲ့အချိန်ကလည်း အဆိုပါတက္ကသိုလ်က ကျောင်းသားတွေ ရက်ပေါင်းများစွာ ပိတ်မိတဲ့ဖြစ်စဉ်နဲ့ကြုံတွေ့ခဲ့ဘူးပါတယ်။

 

လက်ရှိအခြေအနေအရ ကလေးမြို့ ပြင်သာ၊ သောင်ကူ၊ အင်းစိန်၊ နှောညောင်ပင်နဲ့ ကျီကုန်းကျေးရွာတို့မှာ ရေကြီးနစ်မြုပ်မှု ဆိုးရွားရွားဖြစ် ပေါ်နေပြီး မြို့အရှေ့ပိုင်းရပ်ကွက်တွေမှာ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နဲ့ကလေးဝမြို့မှာ ရေကြီးနစ်မြုပ်မှု ရင်ဆိုင်နေရပြီး ကလေးမြို့တစ်မြို့တည်းမှာပဲ အိမ်ထောင်စု ၁,၂၃၂ စုမှ လူဦး ရေ ၅,၃၀၃ ဦးကို ကယ်ဆယ်ရေး စခန်း ၁၇ ခုဖွင့်ပြီး နေရာရွှေ့ပြောင်းထားတယ်လို့  တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Source : 7DayDaily

Photos : Kalay Thar

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD