AD
AD
AD
play

 

လုပ်ငန်းတာဝန်ကို နိုင်နိုင်နင်းနင်း မထမ်းဆောင်နိုင်တဲ့ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်တွေကို ပြောင်းသင့်ပါက ပြောင်းရမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်က RFA သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။

‘‘တချို့ကျတော့ အလုပ်ကို မနိုင်တာတွေလည်း ရှိကောင်းရှိ နိုင်တာပေါ့။ အဲဒါဆိုရင်တော့ ဒါအစ်မတို့အနေနဲ့ ပြောင်းသင့်ရင်လည်း ပြောင်းရမှာပဲ။ ဒါ အစ်မတို့ အစကတည်းက ပြောထားတာပဲ’’လို့ ဝန်ကြီးနဲ့ ဝန်ကြီးချုပ်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်တဲ့ မေးခွန်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

play

 

ဝန်ကြီးတွေနဲ့ ဝန်ကြီးချုပ်တွေက အချိန်နဲ့တစ်ပြေးညီ အရည်အချင်းရှိနိုင်မှာမဟုတ်ဘဲ တချို့က ပိုတော်ပြီး တချို့က သူတို့ရဲ့တာဝန်ကို ထမ်းဆောင်နိုင်ဖို့ အချိန်ယူဖို့ လိုအပ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

‘‘ဝန်ကြီးတွေခန့်တာ အစိုးရ အဖွဲ့ထဲမှာ တာဝန်ပေးတယ်ဆိုတာဟာ ထာဝရအတွက်မဟုတ်ဘူး။ တာဝန်ကို ဘယ်လောက် ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် ထမ်းဆောင်နိုင်မလဲဆိုတာပေါ်မှာ အခြေခံပြီး လုပ်သွားမယ့်ကိစ္စ’’လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

 

ဒီချုပ်အစိုးရလက်ထက် ၁၈ လအတွင်း ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးတစ်ဦး၊ ဒုတိယဝန်ကြီးတစ်ဦးနဲ့ ဝန်ကြီးချုပ်တစ်ဦး စတဲ့ ရာထူးအပြောင်းအလဲတွေရှိခဲ့ပါတယ်။

ဒါ့အပြင်၂၀၁၇ ဖေဖော်ဝါရီနဲ့ သြဂုတ်လမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနဲ့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းတို့ကို သူတို့ရဲ့ဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့်ပြုကြောင်း အစိုးရက ကြေညာခဲ့ပါတယ်။

Source : 7DayDaily

Photos : rfa

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD