play

 

ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဗြိတိန်ပါလီမန်အမတ်တွေက ဗြိတိန်နိုင်ငံမှာ သင်တန်းတက်ရောက်နေတဲ့ မြန်မာ့တပ်မတော် သင်တန်းသားတွေရဲ့ သင်တန်းဆိုင်းငံ့ပေးဖို့တောင်းဆိုခဲ့ကြောင့် သင်တန်းသား အရာရှိတွေကို မြန်မာနိုင်ငံကို ပြန်လည် စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ-ဗြိတိန် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အစီအစဉ်နဲ့ မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိငါးဦးက ဗြိတိန်နိုင်ငံမှာ သင်တန်းတွေ တက်ရောက်နေတာ ဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာ အဆိုပါသင်တန်းသား တပ်မတော်အရာရှိငါးဦးက စက်တင်ဘာ ၂၀ ရက်မှာ လန်ဒန်မြို့ မြန်မာစစ်သံရုံး(ကြည်း၊ရေ၊ လေ)ကို  ရောက်ရှိနေပြီး အရင်က သဘောတူညီထားတဲ့ သင်တန်းသားတွေ အပါအ၀င် ဗြိတိန်နိုင်ငံကို သင်တန်းသားတွေ ထပ်မံစေလွှတ်မှာ မဟုတ် ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ရပ်တန့်စေရေး ချက်ချင်း အရေးယူဆောင်ရွက်ဖို့ တပ်မတော်ကို ပန်ကြားလိုပြီး အရပ်သားအားလုံးကို ကာကွယ် စောင့်ရှောက်မှုပေးကာ လူသားချင်းစာနာမှု အကူအညီပေးနိုင်စေဖို့ ခွင့်ပြုစေလိုတယ်လို့ ဗြိတိန်က ထုတ်ပြန်ခဲ့ပြီး တပ်မ တော်အရာရှိ ငါးဦးအား သင်တန်းပို့ချမှု ဆိုင်းငံ့တယ်လို့လည်း ကြေငြာခဲ့ပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video