play
ရန်ုကုန်-ပုသိမ် လမ်းပိုင်း မြင်ကွင်း။

 

ဧရာဝတီတိုင်းဒေသကြီးထဲမှာ မိုးပျံလမ်းတွေ ဖောက်လုပ်မယ်ဆိုတာ မဟုတ်မှန်ဘဲ Elevated Road ပုံစံပဲဖောက်လုပ်မှာလို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဝင်းဌေးက ပြောလိုက်ပါတယ်။

လမ်းဖောက်လုပ်တဲ့နေရာမှာ လယ်ယာမြေတွေ ရေနစ်မြုပ်ရေနက်ကွင်းတွေ၊ လျှိုချောက်များရှိနေရင် မြေပြင်အနေအထားအတိုင်း လမ်းဖောက်မှာ မဟုတ်ဘဲ ကွန်ကရစ်တိုင်နဲ့ လမ်းကိုမြှင့်တင်ကာ ဖောက်လုပ်တဲ့ လမ်းအမျိုးအစား(Elevated Road ဟုခေါ်ဆိုကြောင်း) သာဖြစ်တယ်လို့  ဝန်ကြီးက စက်တင်ဘာလ ၂၀ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

 

“မိုးပျံလမ်းဆိုတာ အမှတ်မှား ပြောဆိုကြတာပါ၊ ဥပမာပေးပြီး ရှင်းပြရရင်လမ်းဖောက်ရာမှာ ခုနကပြောတဲ့ချောက်တွေ့ပြီဆိုရင် လမ်းကိုချောက်ထဲအတိုင်း ဆင်းချပြီး ဖောက်တာမျိုး မလုပ်တော့ဘဲ တိုင်နဲ့လမ်းကို မြှင့်တင်တည်ဆောက်တဲ့နည်းပါ။ Elevated Road ပုံစံဆိုရင် လယ်ယာမြေတွေ ဖြတ်သန်းဖောက်ရင်လည်း လယ်ယာမြေတွေ မပျက်စီးတော့ဘူး။ မြေပြင်အထက်၃ ပေပဲ မြင့်မြင့်၊ ၁၀ ပေပဲမြင့်မြင့် ဘယ်လောက်မြင့်မြင့် Elevated Road လို့ခေါ်ပါတယ်”လို့ ဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီးချောင်းသာ-ပုသိမ်-ရန်ကုန်လမ်း၊ ငွေဆောင်-ပုသိမ်-ရန်ကုန်လမ်း၊ မော်တင်-ပုသိမ်-ရန်ကုန်လမ်းနဲ့ ဒေသတွင်း လမ်းတချို့က ဖြောင့်တန်းတာ မရှိဘဲ ကွေ့ကောက်နေလို့ ခရီးအကွာအဝေးနဲ့ အချိန်လျှော့ချနိုင်ဖို့ဖြစ်တယ်လို့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

Source : The Voice

Photo : Tine Ayar

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video