AD
AD
AD
play

 

ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို ပြန်လည် လက်ခံဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၃ မှာ နှစ်နိုင်ငံသဘောတူထားတဲ့  အချက်လေးချက်ပြည့်စုံရင် စိစစ်လက်ခံရေးလုပ်ငန်းကို အချိန်မရွေးစတင်နိုင်ကြောင်း ပြောထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောပါတယ်။

‘‘အချက်လေးချက်ကတော့ မြန်မာနိုင်ငံမှာ နေထိုင်သူဖြစ်ရမယ်။ မိမိသဘောဆန္ဒအလျောက် ပြန်လာရမည်ဖြစ်ရမယ်။ ပြေးရင်း လွှားရင်းနဲ့ ဒါက ကျွန်တော့်မိသား စုပါလို့ ပြောမယ်ဆိုရင် ဒါကို ကျွန်တော်တို့က ဒီအတိုင်းလက်ခံလို့ မရဘူး။ သူတို့ရဲ့ အဆင့်မြင့်တဲ့ တရားရုံးကနေ ထောက်ခံချက်ပါ မှ ကွဲနေတဲ့မိသားစုအတွက် ထောက်ခံချက်ပါဖို့ လိုပါလိမ့် မယ်။ ကျွန်တော်တို့ ဘင်္ဂလားဒေ့ရှ် ရောက်မှ ကလေးမွေးမယ်ဆိုရင် အဲဒီအဖေနဲ့အမေ နှစ်ယောက်စလုံးက မြန်မာနိုင်ငံမှာ နေဖူးသူဖြစ် ရပါမယ်။ အဲဒီလေးချက်နဲ့ညီမှ လက်ခံရပါတယ်’’လို့ ဦးကျော်ဇေယျက ပြောပါတယ်။

play

 

အဆိုပါလေးချက်ကို ၁၉၉၂ ခုနစ်လောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတာတွေ ဖြစ်ပေါ်ပြီးနောက် သဘောတူခဲ့တာလို့ ဦး ကျော်ဇေယျက ရှင်းပြပါတယ်။

 

သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်ကို ပြန်လည် လက်ခံရန် တောင်းဆိုမှုကို ပယ် ချခဲ့ဖူးသည်။ ထိုသို့ ပယ်ချခဲ့မှုဖြစ် စဉ်တွင်လည်း ၁၉၉၃ က မြန်မာ နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ သဘောတူထားတဲ့ အချက်လေးချက်မူကို ကိုင်စွဲပြီး ပယ်ချခဲ့တာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : Huffington Post,Strait Time

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD