AD
AD
AD
play

 

မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်မှာ လုံခြုံရေးအပြည့်အ၀မပေးနိုင်ခဲ့တဲ့အပေါ် တောင်းပန်တယ်တဲ့အကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မောင်တောမြို့ပေါ်က အလိုတော်ပြည့် ဘုန်းကြီးကျောင်းတွင်ခိုလှုံနေတဲ့ ဒေသခံတွေနဲ့ တွေ့ဆုံရာမှာ ပြောခဲ့တယ်လို့ သိရပါတယ်။

“လုံခြုံရေးကာလတုန်းက သူ့အနေနဲ့တချို့ရွာတွေကို ဖြန့်ကျက်ပြီးတော့ လုံခြုံမှုမပေးနိုင်တဲ့အတွက်ရွာတွေ ဖျက်ဆီးခံရတယ်၊ တချို့တွေ အသတ်ခံရတဲ့အပေါ် တာဝန်မကျေဘူးလို့ ခံစားခဲ့ရတယ်။ ဒါအတွက်တောင်းပန်ပါတယ်လို့ပြောခဲ့တယ်”လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဝေဟင်အောင်ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ထူထောင်သူ ဦးဝေဟင်အောင်က ပြန်ပြောပါတယ်။

play

 

ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံပွဲမှာ ဒေသခံတွေက နယ်စပ်ခြံစည်းရိုးကို အပြည့်အဝကာပေးဖို့ နေရပ်ပြန်ဒေသခံတွေကို လုံခြုံရေး တစ်စုံတစ်ရာ ကာကွယ်ပေးရန်၊ ရွာလုံးကျွတ်ပျက်ဆီးခဲ့သည့်ရွာများမှဒေသခံ များအတွက်ထောက်ပံ့မှုများ ဆောင်ရွက်ပေးရန်နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်ဆောင်ရွက်ပေးရန်တောင်းဆိုခဲ့လည်း ဆိုပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်ရခိုင်ပြည်နယ်စစ်တွေမြို့သို့စက်တင်ဘာ ၁၉ ရက်တွင်ရောက်ရှိနေပြီး စစ်တွေမြို့နှင့်မောင်တောမြို့ရှိဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့များ၊ အကြမ်းဖက်မှုကြောင့်ခိုလှုံနေရသည့်ဒေသခံများနှင့်တွေ့ဆုံကာ ကူညီထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခြင်းများကို ပြုလုပ်နေခြင်း ဖြစ်သည်။

Source : The Voice

Photos : Defense Service Office

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD