play

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖမ်းဆီးခံခဲ့ရသော မြန်မာ ဓာတ်ပုံသတင်းထောက်နှစ်ဦးဖြစ်သော ကိုမင်းဇေယျာဦး နှင့် ကိုခွန်းလတ်တို့အား ယမန်နေ့က ဘင်္ဂလားဒေ့ရှ်တရားရုံးက အာမခံဖြင့်အကျဉ်းထောင်မှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း ၄င်းတို့နှစ်ဦးအား ထိုနိုင်ငံသို့သတင်းယူရန် စေလွှတ်ခဲ့သည့် ဂျာမန်အခြေစိုက် Geo မဂ္ဂဇင်းက သတင်းထုတ်ပြန်လိုက်သည်။

 

၎င်းတို့နှစ်ဦးလွတ်မြောက်ရေးအတွက် ပြည်တွင်း၊ပြည်ပ အဖွဲ.အစည်းအများအပြားက တောင်းဆိုခဲ့ကြသည်။ သူလျှိုပြုလုပ်ခြင်းနှင့် ခရီးသွားအလည်အပတ် ဗီဇာကို အသုံးပြု၍ သတင်းလုပ်ငန်းလုပ်ကိုင်ခဲ့ခြင်းကြောင်း အယောင်ဆောင်ခြင်း စသည့်စွပ်စွဲချက်များဖြင့် ၄င်းတို့နှစ်ဦးသည် ဘင်္ဂလားဒေ့င်္ရှနိုင်ငံတွင် စက်တင်ဘာ ၆ ရက်နေ့ကတည်းက ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

အာမခံဖြင့်သာလွတ်မြောက်လာခြင်းအတွက် အမှုဆက်လက်ရင်ဆိုင်ရန် ၄င်းတို့နှစ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ဆက်လက်ရှိနေရမည်ဖြစ်သည်။

Source & Photo : Myanmar Now

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video