AD
AD
AD
play

 

ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ကျူးကျော်တွေအတွက် အိမ်ရာဆောက်လုပ်တာတွေကို လာမယ့် အောက်တိုဘာလမှာ စတင်နိုင်ဖို့ ကြိုးစားနေတယ်လို့  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။

စက်တင်ဘာ ၂၃ ရက်က ဒုသမ္မတနဲ့  စီးပွားရေး လုပ်ငန်းရှင်တွေ (၁၀) ကြိမ်မြောက်တွေ့ဆုံခဲ့ပွဲမှာ ဦးဖြိုးမင်းသိန်းက အခုလိုပြောခဲ့တာဖြစ်ပြီး  ရန်ကုန်တိုင်းထဲမှာ ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စု ပေါင်းတစ်သိန်းခွဲကျော်ရှိပြီး သူတို့အတွက် အိမ်ရာအဆောက်အအုံ ရရှိရေး တိုင်းဒေသကြီးအစိုးရက စီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

play

 

‘‘ကျူးကျော်နေထိုင်သူတွေ မှာ အလုပ်အကိုင်အခွင့်အလမ်း တွေ ရှိတယ်။ အလုပ်ရှိပေမယ့် အိမ်မြေ၀ယ်ယူနိုင်ခြေမရှိဘူး။ အလုပ်အကိုင်ကို အာမခံပြီး အိမ်ရာ ထူထောင်ပေးဖို့ အစိုးရက စီစဉ် နေတယ်’’လို့ ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

ကျူးကျော်တွေကို အိမ်ရာထူထောင်ပေးမယ့် စီမံကိန်းကို အစိုးရလက်ကျန်သက်တမ်း သုံးနှစ်အတွင်း ဆောင်ရွက်ပေးသွားမှာဖြစ်ကာ အိမ်ရာကို တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတအဖြစ် အဆင့်ဆင့် သတ်မှတ်ကာ တစ်နေရာတည်းမှာ စုစည်းတည်ဆောက်သါားမယ်လို့ဆိုပါတယ်။

အဆိုပါအိမ်ရာတွေကို ရန်ကုန်အရှေ့ဘက်ခြမ်း ဒဂုံမြို့သစ် လေးမြို့နယ်နဲ့ အနောက်ဘက်ခြမ်း လှိုင်သာယာ၊ ရွှေပြည်သာတို့မှာ ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။

Source : 7DayDaily

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD