play

 

ရသေ့တောင်မြို့နယ် ချိန်ခါလီ (ဘင်္ဂါလီ) ကယ်ဆယ်ရေးရွာ အနောက်ဘက်မှာရှိတဲ့ မေယုတောင်ခြေနားက မြေကျင်းထဲမှာ ကားပစ္စည်းနဲ့လုပ်ထားတဲ့ လက်လုပ်မိုင်းခုနစ်လုံးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ကောက်ရိုး၊ ပလတ်စတစ်တွေနဲ့ ဖုံးအုပ်ထားတဲ့ မြေကျင်းထဲနေ လက်လုပ်မိုင်းတွေကို စက်တင်ဘာ ၂၃ ရက်က တွေ့ရှိခဲ့တယ်လို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

တပ်မတော်နဲ့  နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေလုပ်ဆောင်နေတုန်း အခုလိုတွေ့ရှိခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက် မနက်ပိုင်းက ဘူးသီးတောင်မြို့နယ် မိချောင်းဈေးရွာ ဗလီခြံဝင်းထဲမှာ မိုင်းပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပါသေးတယ်။

မောင်တောခရိုင်မှာ လက်လုပ်မိုင်းတွေ ပေါက်ကွဲတာတွေနဲ့ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတွေသိမ်းဆည်းမိနေလို့ မိုင်းအန္တရာယ် စိုးရိမ်နေရ ဆဲဖြစ်ကြောင်း ဒေသခံတွေက ပြေပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video