AD
AD
AD
play

 

အာဆာ(ARSA) အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်ခံရလို့ ပျောက်ဆုံးနေတဲ့ မောင်တောမြို့နယ်မှ ဟိန္ဒူဘာသာဝင် ၁၀၀ ဦးထဲက ၂၈ ဦးရဲ့ ရုပ်အလောင်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၂၄ ရက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မောင်တောမြို့နယ် ရဲဘော်ကျား (ဒေသအခေါ် ရဲကျော်ကျ ကျေးရွာ) နဲ့ တမန်းသားကျေးရွာက ဟိန္ဒူဘာသာဝင် ၁၀၀ လောက်က သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ မောင်တောဒေသ ဒုတိယအကြိမ် အကြမ်းဖက်တိုက်ခိုက်ခံရတဲ့အချိန်မှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး အဆိုပါအလောင်းတွေကို ဟိန္ဒူဘာသာဝင်တချို့ရဲ့ ဖော်ထုတ်ချက်အရ မြေကျင်းနှစ်ကျင်းထဲမှာ မြှုပ်နှံထားတဲ့ အနေအထားနဲ့ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုရောက်နေတဲ့ မောင်တောမြို့နယ် ဒေသခံဟိန္ဒူဘာ သာဝင်တစ်ဦးက အကြမ်းဖက် တိုက်ခိုက်ခံရတုန်း စစ်တွေမြို့ကို  ထွက်ပြေးတိမ်းရှောင်လာတဲ့ ဦးနီမောလ် (ဟိန္ဒူဘာသာဝင်ကူညီရေးခေါင်းဆောင်)ဆီကို ဖုန်းဆက်ပြီး သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ လောက်က ရဲဘော်ကျားကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ဦးလောက်ကို  ဖမ်းဆီးခေါ် ဆောင်သွားပြီး ရွာအနောက်ဘက် မီတာ ၁၀၀၀ ခန့်အ ကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများကို သတ်ဖြတ်ကာ အမျိုးသမီးရှစ်ဦးကို အစ္စလာမ်ဘာသာကို ဝင်ခိုင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  ခေါ်ဆောင်သွားတာကို အသိပေးခဲ့တယ်လို့ စက်တင်ဘာ ၂၄ ရက်မှာ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

ဒီသတင်းရရှိပြီး နောက်ပိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရဲဘော်ကျားကျေးရွာအနီးဝန်းကျင်မှာ သွားရောက်ရှာ ဖွေခဲ့တာဖြစ်ကာ ရွာရဲ့အ နောက်မြောက်ဘက် မီတာ ၁၂၀၀ လောက်အကွာမှာ အပုပ်နံ့ရလို့ အသေး စိတ်ရှာဖွေရာ မြေကျင်းနှစ်ကျင်းနဲ့ မြှုပ်နှံထားတဲ့ အမျိုးသမီး ၂၀ ဦးနဲ့ အမျိုးသားရှစ်ဦးရဲ့အလောင်းတွေ့ရှိခဲ့တာပါ။ တူးဖော်ရရှိတဲ့ ရုပ်အလောင်းတွေက ဟိန္ဒူဘာသာဝင်တွေဖြစ်ပြီး အသက်(၁၀)နှစ်အောက် အမျိုးသားခြောက်လောင်း ပါဝင်တယ်လို့ သိရပါတယ်။

ARSA အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်ခံရလို့ပျောက်ဆုံးနေတဲ့ ဟိန္ဒူဘာသာဝင် ၉၃ ဦးက အခြေအနေကို အမြန်ဆုံးသိရှိနိုင်ဖို့ ရှာဖွေမှုတိုးမြှင့်ဆောင်ရွက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၂၂ ရက်မှာ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီဝင်တွေနဲ့ အစည်းအဝေးမှာ လမ်းညွှန် မှာကြားထားပါတယ်။

Source : 7DayDaily

Photo : Thuta Zaw/Myat Min Khant Mg Facebook)

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD