AD
AD
AD
play

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ပွားစေဖို့ ဓားစူး၊ ဓားမြှောင်၊ ငှက်ကြီးတောင်ဓားတွေ ရောင်းချနေတာကို ခေတ္တရပ်ဆိုင်းထားဖို့ ပျော်ဘွယ်မြို့နယ် မင်းလမ်းရွာမှ ပန်းပဲလုပ်ငန်းလုပ် ကိုင်နေသူများကို မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးက စက်တင်ဘာဒုတိယပတ်မှာ တစ်အိမ်တစ်ယောက်ခေါ်ယူတွေ့ဆုံ မှာကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဓားတွေကို ၁၀ လက်နဲ့အထက် ပိုမိုမှာယူသူရှိရင် သတင်းပို့ဖို့ မြို့နယ်တာဝန်ရှိသူတွေက မှာကြားခဲ့တယ်လို့ တွေ့ဆုံပွဲကိုသွားခဲ့တဲ့ မင်းလမ်းရွာသားတွေက ပြောပါတယ်။

‘‘သူတို့က မေတ္တာရပ်ခံတဲ့ သဘောပြောတာပါ။ ပန်းပဲလုပ်ငန်းကို ပိတ်တာမဟုတ်ဘူး။ တောင်သူသုံးပစ္စည်းတွေကိုတော့ လုပ်လို့ရပါတယ်လို့ပြောတယ်’’လို့ မင်းလမ်းရွာသားတစ်ဦးက ပြောပါတယ်။ သက်ဆိုင်ရာက တားမြစ်ထားလို့ ရွာရဲ့ပန်းပဲလုပ်ငန်းထုတ်ကုန်တွေ ရောင်းအားထက်ဝက်ခန့်ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

play
မင်းရွာမှ ထုတ်လုပ်သည့် ငှက်ကြီးတောင် ဓားများကိုတွေ့ရစဉ်။

 

‘‘ကားတွေဆို သိပ်မတင်ရဲ တော့ဘူး။ ကျွန်တော်တို့ရွာက ဒီလုပ်ငန်းအခြေခံပြီး လုပ်ကိုင်စား သောက်ရတာပါ။ တောင်သူသုံး ပစ္စည်းပို့ဖို့တောင် အခက်အခဲရှိ နေတယ်’’လို့ နှစ်ပေါင်း ၆၀ ကျော် ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ အသက် (၇၃)နှစ်အရွယ် ဦးကျော်ညွန့်က ပြောပါတယ်။

ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေသူတွေကို ထောက်ပံ့လှူဒါန်းသူတွေအနက် တချို့က ဓားတွေ ထည့်သွင်း လှူဒါန်းနေတယ်ဆိုတဲ့ သတင်းတချို့လည်း ထွက်ပေါ်နေပါတယ်။

မင်းလမ်းရွာသည် ကိုလိုနီခေတ်ကတည်းက ပန်းပဲလုပ်ငန်း လုပ်ကိုင်ခဲ့ပြီး အစိုးရဆုချတဲ့အခါ အသုံးပြုတဲ့ ငွေဓားတွေကိုပါ ပြုလုပ်ပေးနေတဲ့ ရွာတရွာဖြစ်ပါတယ်။ ပန်းပဲလုပ်ငန်းကို တစ်ရွာလုံးနီးပါး လုပ်ကိုင်ပြီး ပေါက်ပြား၊ တူရွင်း၊ ဂေါ်၊ ဓားစူး၊ ဓားမြှောင်၊ ငှက်ကြီးတောင်နဲ့  တောင်သူသုံးပစ္စည်းတွေအပြင် စစ်ရေးပြဓား၊ အကယ်ဒမီဓား၊ ရှေ့တန်းသုံးဓားစတဲ့ တပ်မတော်သုံးဓားအမျိုးမျိုးကိုလည်း ထုတ်လုပ်နေပါတယ်။

Source : 7DayDaily

Photos : Min Ywa Facebook

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD