AD
AD
AD
play

 

YBS ၁၉ ဘတ်စ်ကားလိုင်းပေါ်မှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပိုက်ဆံ အိတ်ခါးပိုက်နှိုက်ခံရပြီး ငွေကျပ် ၁၄ သိန်း ကျော်ပါ သွားတယ်လို့ သိရပါတယ်။

မြောက်ဥက္ကလာပမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လွင်သည် စက်တင်ဘာ ၂၃ ရက် ည ၇ နာရီလောက်မှာ မြောက် ဥက္ကလာမြို့နယ်၊ (၂)ဈေး ကားမှတ်တိုင်ကနေ လူကြပ်နေ YBS ၁၉ ခရီးသည်ယာဉ်စီးလာခဲ့ အနက်ရောင် ဘက်အိတ် ဇစ်ကိုဖွင့်ကာ အထဲက အညိုရောင်ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

ခါးပိုက်နှိုက်ခံရတာကို မြောက်ဥက္ကလာပမြို့နယ် ဣန္ဒြာမှတ်တိုင်အရောက် ကားပေါ်မှ ဆင်းပြီးတဲ့အချိန်မှာ ဘက်အိတ်ဇစ်ပွင့်နေတာကို မသင်္ကာလို့ ကြည့်တာကနေ ခါးပိုက်နှိုက်ခံရတာကို သိခဲ့တာပါ။

အဆိုပါ ပိုက်ဆံအိတ်ထဲက ငွေကျပ် ၁၃ သိန်း၊ ATM ကတ်တစ်ကတ်၊ Samsaung ရွှေဝါရောင် ဖုန်းတစ်လုံး၊ နိုင်ငံသားစိစစ်ရေးကတ်၊ လွှတ် တော်ကိုယ်စားလှယ်ကတ် စုစုပေါင်း ၁၄ သိန်းကျော်ပါသွားတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဇော်လွင်က ပြောပါတယ်။

 

မြောက်ဥက္ကလာပမြို့နယ်မှာ YBS ၁၉ နဲ့ YBS ၄၂ ဘတ်စ်ကားလိုင်းတို့က ခါးပိုက်နှိုက်ခံရတာ သတင်းကြီးနေတဲ့ ယာဉ်လိုင်းတွေ ဖြစ်တယ်လို့ ဦးဇော်လွင်က ပြောပါတယ်။ "အမှု တော့မဖွင့်ထားဘူး။ ဒါပေမဲ့မြို့နယ်မှူးက ပြစ်မှုကျူးလွန်သူကိုဖမ်းဆီး ရမိဖို့စုံစမ်းနေတယ်"လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဇော်လွင်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြောက်ဥက္ကလာပ မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ လက်ရှိတွင် အမှုဖွင့်ထားတာမရှိသေးဘူးလို့ မြောက်ဥက္ကလာပရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

Source : Democracy Today

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD