AD
AD
AD
play

 

အာဆာ(ARSA) အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်တာကိုခံရပြီး ပျောက်ဆုံးနေတဲ့ မောင်တောမြို့နယ်မှ ဟိန္ဒူဘာသာဝင် ၁၀၀ ထဲက ၂၈ ဦးရဲ့ ရုပ်အလောင်းတွေမြုပ်နှံထားတဲ့ မြေကျင်းနှစ်ကျင်းကို လုံခြုံရေးအဖွဲ့က စက်တင်ဘာ ၂၄ ရက်မှာ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် နောက်ထပ်အလောင်းတွေ မြုပ်ထားတဲ့ မြေကျင်းနှစ်ကျင်းကို ဒီနေ့ နေ့လည်မှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါမြေကျင်းနှစ်ခုကို ဒီနေ့(စက်တင်ဘာလ ၂၅ ရက် )မွန်းလွဲ တစ်နာရီလောက်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး တူးဖော်မှုတွေပြုလုပ်နေတယ်လို့ ရဲမှူးချုပ်သူရစန်းလွင်က အမှတ်(၁) နယ်ခြားစောင့်ကွပ်ကဲမှုရဲတပ်ဖွဲ့၊ ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ပြောပါတယ်။

မောင်တောမြို့နယ် ရဲဘော် ကျား (ဒေသအခေါ် ရဲကျော်ကျ ကျေးရွာ) နှင့် တမန်းသားကျေးရွာ မှ ဟိန္ဒူဘာသာဝင် ၁၀၀ ခန့်သည် သြဂုတ် ၂၅ ရက်က ဖြစ်ပွားသည့် မောင်တောဒေသ ဒုတိယအကြိမ် အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်တွင် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုရောက်နေတဲ့ မောင်တောမြို့နယ် ဒေသခံဟိန္ဒူဘာ သာဝင်တစ်ဦးက အကြမ်းဖက် တိုက်ခိုက်ခံရတုန်း စစ်တွေမြို့ကို  ထွက်ပြေးတိမ်းရှောင်လာတဲ့ ဦးနီမောလ် (ဟိန္ဒူဘာသာဝင်ကူညီရေးခေါင်းဆောင်)ဆီကို ဖုန်းဆက်ပြီး သြဂုတ် ၂၅ ရက်က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ လောက်က ရဲဘော်ကျားကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၁၀၀ ဦးလောက်ကို  ဖမ်းဆီးခေါ် ဆောင်သွားပြီး ရွာအနောက်ဘက် မီတာ ၁၀၀၀ ခန့်အ ကွာသို့ ရောက်ရှိစဉ် အမျိုးသား၊ အမျိုးသမီးများကို သတ်ဖြတ်ကာ အမျိုးသမီးရှစ်ဦးကို အစ္စလာမ်ဘာသာကို ဝင်ခိုင်းပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို  ခေါ်ဆောင်သွားတာကို အသိပေးခဲ့တယ်လို့ စက်တင်ဘာ ၂၄ ရက်မှာ အစိုးရက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Local News


AD