AD
AD
AD
play

 

အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး မြေမြုပ်အလောင်းဖြောက်ခံခဲ့ရသူတွေရဲ့ ရုပ်အလောင်း ၁၇ လောင်းကို စက်တင်ဘာလ ၂၅ ရက်က ထပ်မံတွေ့ရှိခဲ့ပြီး သတင်းပေးသူတွေနဲ့ အလောင်းတွေ ရှာဖွေရာမှာ ကူညီပေးသူတွေရဲ့ လုံခြုံရေးကို ရဲတပ်ဖွဲ့က ဆောင်ရွက်ပေးထားတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပျောက်ဆုံးနေတဲ့ ဟိန္ဒူဘာသာဝင်တွေကို မောင်တောမြို့နယ် ရဲဘော်ကျားကျေးရွာ ဝန်းကျင်မှာ စက်တင်ဘာ ၂၄ ရက် မနက်က စတင်ရှာဖွေခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၄ ရက်မှာ အမျိုးသမီးရုပ်အလောင်း ၂၀၊ အမျိုးသားရုပ်အလောင်း ခြောက် လောင်းတွေ့ရှိပြီး စက်တင်ဘာ ၂၅ ရက်မှာ အမျိုးသားရုပ်အလောင်း ၁၇ လောင်း ထပ်မံတွေ့ရှိခဲ့တာပါ။

စက်တင်ဘာ ၂၄ ရက်က ရုပ်အလောင်းတွေ တွေ့ရှိသောနေရာကနေ အရှေ့ဘက်မီတာ ၂၀၀ အကွာ တောင်ကြော တစ်ဖက်ခြမ်းမှာ မြေ ကျင်းနှစ်ကျင်းထဲမှာ မြှုပ်နှံထားထာကို တွေ့ရှိခဲ့ပြီး ဒေသခံ ဟိန္ဒူဘာသာဝင်တွေရဲ့ ပြောကြားချက်အရ ရဲဘော်ကျား ကျေးရွာနေ ဟိန္ဒူဘာသာဝင်တွေဖြစ်တယ်လို့  အတည်ပြုနိုင်ခဲ့တာပါ။

play

 

အလောင်းတွေကို မောင်တောခရိုင် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်တရားသူကြီးနဲ့ မှုခင်းတပ်ဖွဲ့က စိစစ်ခဲ့ပြီး အလောင်းတွေကို လက်ပြန်ကြိုးတုပ်လျက် တွေ့ရှိခဲ့ကာ လည်ပင်းလှီးဖြတ်ဒဏ်ရာ၊ ချွန်ထက်တဲ့ အရာတွေနဲ့ ထိုးသွင်းထားတဲ့ ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ တစ်လလောက်က သေဆုံးခဲ့တယ်လို့ သုံးသပ်ပြီး သတ်ဖြတ်မှုတွေအတွက် ဥပဒနဲ့ အညီအမှုဖွင့်အရေးယူမယ်လို့ ဆိုပါတယ်။

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်နယ်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနဲ့ လုံ ခြုံရေးတာဝန်ရှိသူတွေက စက်တင်ဘာ ၂၅ ရက်က မောင်တောမြို့ကို ရောက်ရှိနေပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့ကာ သေဆုံးသူ တစ်ဦးချင်းစီအတွက် မိသားစုဝင်တွေကို ထောက်ပံကြေးပေးအပ်သွားမယ်လို့ သိရပါတယ်။

Source : 7DayDaily

Photos : Information Committee

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD