AD
AD
AD
play
အသတ်ခံရတဲ့ ဟိန္ဒူဘာသာဝင်တွေကို မြုပ်နှံထားသည့် မြေကျင်းတစ်ခု။

 

အာဆာ(ARSA) အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့သတင်းကို နိုင်ငံတကာက သိနိုင်ဖို့ နိုင်ငံတကာသံတမန်တွေနဲ့ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေကို အသိပေးသွားမယ်လို့  လူ၊ကယ်၊ပြန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက ပြောလိုက်ပါတယ်။

ဟိန္ဒူဘာသာဝင်တွေရဲ့ရုပ်အလောင်း ၄၅ ကို စက်တင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မောင်တော မြို့နယ်ကို စက်တင်ဘာ ၂၅ ရက်က သွားရောက်ခဲ့ပြီး အကြမ်းဖက်သမားတွေရဲ့လက်ချက်ကြောင့် သေဆုံးခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

play

 

‘‘ရုပ်အလောင်းတွေ တွေ့တာနဲ့ ပတ်သက်တဲ့ သတင်းတွေကို ကမ္ဘာကသိဖို့လိုအပ်တယ်။ သံတမန်တွေ လာဖို့ရှိတယ်။ သံတမန် တွေနဲ့အတူ သတင်းထောက်တွေ ပါလာမှာပေါ့။ သတင်းမီဒီယာတွေကို သတင်းထုတ်ပြန်ရေးနဲ့ ညှိနှိုင်းဆောင်ရွက်မယ်။ ဒါတွေရှိနေပြီဆိုတာကို သတင်းတွေ လည်း ပေးထားတယ်"လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မ တီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

နိုင်ငံတကာသံတမန်တွေက စက်တင်ဘာ ၂၈ ရက်မှာ လာရောက်ဖို့ စီစဉ်ထားပြီး အဆိုပါခရီးစဉ်မှာ ပြည်တွင်း၊ ပြည်ပ မီဒီယာတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ ရုပ်အလောင်းတွေကို ကျန်ရစ်သူ မိသားစုဝင်တွေရဲ့ ဆန္ဒအရ လတ်တလောမီးသင်္ဂြိုဟ်တာတွေ အလုပ်သေးဘဲ  ပျောက်ဆုံးသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

Source : 7DayDaily

Photos : Information Committee

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD