AD
AD
AD
play

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင် ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်နဲ့ အခြားအဖွဲ့ဝင်နိုင်ငံ ၄ နိုင်ငံက မြန်မာနိုင်ငံအရေးကိစ္စကို ဆွေးနွေးဖို့ စက်တင်ဘာလ ၂၅ ရက်နေ့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေ မဟုတ်တဲ့ အီဂျစ်၊ ကာဇက်စတန်၊ ဆီနီဂေါနဲ့ ဆွီဒင်နိုင်ငံတို့ကလည်း မြန်မာအရေးအတွက် လုံခြုံရေးကောင်စီ အစည်းအဝေးလုပ်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ  ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ မြန်မာအရေးကိစ္စနဲ့ ပတ်သက်ပြီးကျယ်ကျယ် မဆွေးနွေးဖို့ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးကောင်စီက ထောက်ခံခဲ့တယ်လို့ သိရပါတယ်။

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ဘင်္ဂါလီ ၁၈,၅၀၀ လောက်ရှောင်တိမ်းခဲ့တာနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ထည့်သွင်းဆွေးနွေးဖို့ စတင်အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်နေတဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေမှာ လူမျိုးစုရှင်းလင်းရေး လုပ်ငန်းတွေလုက်ကိုင်နေတယ်လို့ဖော်ပြခဲ့ပြီး ပြင်သစ်သမ္မတ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ကွန်းကလည်း လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

Source & Photo : CNA

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD