play
ပြည်တွင်းမှာ စပ်ဆေးသောက်သုံးမှု ပြန်လည်များပြားလာပါတယ်။

 

ပြည်တွင်းက ဆေးဆိုင်တွေစပ်ဆေးရောင်းချတာတွေ ပြန်လည်တွင်ကျယ်လာလို့ ၂၀၁၈ ကနေစပြီး စပ်ဆေးရောင်းချတဲ့ ဆေးဆိုင်တွေကို အရေးယူသွားမယ်လို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)၊ ဆေးဝါးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမျိုးဇာနည်စောက ပြောပါတယ်။

‘‘စပ်ဆေးရော ထောက်ခံချက်မရှိတဲ့ ဆေးတွေနဲ့ အစားအသောက်တွေကိုပါ ၂၀၁၈ မှာ အရေးယူဖို့အတွက် ဝန်ကြီးချုပ်က ပြောဆိုထားတာပါ။ လူထုကို ဘယ်လောက်ပြောပြော ခဏတဖြုတ် ပစ္စည်းသိမ်းတဲ့ အချိန်လောက်ပဲ လျော့သွားပြီးတော့ နောက်ပိုင်းမှာ ပြန်ပြီးတော့ လုပ် ဆောင်လာတဲ့အတွက် အရေးယူ တော့မှာပါ’’လို့ ဒေါက်တာမျိုးဇာနည်စောက ပြောပါတယ်။

play

 

လက်ရှိအချိန်မှာ စပ်ဆေးရောင်းချနေတဲ့ ဆေးဆိုင်တွေကို တွေ့ရှိရင် ပစ္စည်းသိမ်းတာတွေ၊ ခံဝန်ထိုးခိုင်းတာတွေနဲ့ ဆိုင်ခေတ္တပိတ်ပြီး ပြင်းပြင်းထန်ထန် သတိပေးတာတွေလုပ်နေတာကနေ ၂၀၁၈ ရောက်ရင်တော့ ဆိုင်ကို ရာသက်ပန်ပိတ်သိမ်းတာတွေနဲ့ လိုင်စင်သိမ်းပြီး တရားစွဲဆို အရေးယူသွားမယ်လို့ ဆိုပါတယ်။

 

အမျိုးသားဆေးဝါးဥပဒေ ပုဒ်မ ၁၅ အရ မှတ်ပုံမတင်ထားတဲံ ဆေးဝါးတွေ၊ ဆေးဝါးအတုတွေ၊ စံမညီဆေးဝါးတွေ၊ ရောနှောဆေးဝါးတွေကို သုံးဖို့မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ပြီးရောင်းချတာကို တားမြစ်ထားပါတယ်။

ပုဒ်မ ၁၅ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ငွေဒဏ်အနည်းဆုံးကျပ်ငါးသောင်းကနေ အများဆုံးကျပ်ငါးသိန်းအထိ ဖြစ်စေ၊ ထောင်ခုနစ်နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ကျခံရမယ်လို့ သတ်မှတ်ထားပါတယ်။

Source & Photos : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video