AD
AD
AD
play

 

ရခိုင်ပြည်နယ် အမ်းမြို့မှာ ဆူပူအုံကြွမှုတွေပြုလုပ်ဖို့ လိုက်ခဲ့ရင် လူတစ်ဦးကို ကျပ်ငါးသိန်းပေးမယ်လို့ မကွေးတိုင်းမှာလာရောက် စည်းရုံးမှုတွေရှိနေတယ်လို့ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောလိုက်ပါတယ်။

စက်တင်ဘာ ၂၆ ရက်ညနေက မကွေးတိုင်းအစိုးရအဖွဲ့ရုံးထဲမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် ဒေါက်တာအောင်မိုး ညိုက အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

‘‘မကွေးတိုင်းထဲမှာ စိုးရိမ်စရာဖြစ်ရပ်တစ်ခု ကြားသိရတယ်။ နာမည်တွေတော့ မမေးပါနဲ့ ပြောလို့မရဘူး။ လာစည်းရုံးတယ်။ အမ်းကိုလိုက်ခဲ့ ငါးသိန်း ပေးမယ်။ လမ်းမှာလည်း ရေမီးအပြည့်အစုံနဲ့တဲ့။ မရိုမသေပြောရ ရင် မိန်းကလေးလိုချင်ရင်တောင် ရမယ်ပေါ့။ အဲဒီလို စည်းရုံးတာ။ဘာလုပ်ရမလဲလို့ စည်းရုံးခံရသူ ကမေးတော့ အမ်းမှာ ဆူပူအုံကြွအောင် လှုံ့ဆော်ပေးရမှာတဲ့။ တာဝန်ကျေပြီးလို့ မကွေးပြန် ရောက်မှ ငါးသိန်းကရမှာ။ ဒီလို အခြေအနေမျိုးမှာ ပြည်ထောင်စု နိုင်ငံတော်အတွက် အင်မတန်ကို စိုးရိမ်စရာကောင်းနေတယ်’’လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။

 

လာရောက် စည်းရုံးသူက ငွေကြေးများစွာရရှိလို့ စည်းရုံးမှုတွေပြုလုပ်တာကို ပြောတယ်လို့ သိရကြောင်း ဝန်ကြီးချုပ်ကပြောခဲ့ပြီး အထက်ပါကိစ္စကို တိုင်းအစိုးရအဖွဲ့အနေနဲ့ ဥပဒေနည်းလမ်းတွေအရပဲ ဖြေရှင်းမှာဖြစ်ကာ သက်ဆိုင်ရာဌာနတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ ညွှန် ကြားထားတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

လွန်ခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း မကွေးတိုင်းတောင်တွင်းကြီး မြို့ပေါ်ရပ်ကွက်ရှိ အစ္စလာမ်ဘာသာဝင်တွေရဲ့နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေကို မျက်နှာဖုံးစွပ်ထားတဲ့ လူတစ်စုက ဖျက်ဆီးခဲ့လို့ ကျပ်သိန်း ၁၈၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့တဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

Source & Photo : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD