play

 

ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားအလွန်ကောင်းနေလို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ခုနစ်ခုမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၆ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

သတင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းနဲ့ ချင်း ပြည်နယ်တို့မှာ နေရာကွက်မိုးကြီးနိုင်တယ်လို့ မိုးဇလဦးစီးဌာနက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

play

 

စက်တင်ဘာ ၁၈ ရက်ကစပြီး သုံးရက်ခန့် ရေကြီးနစ်မြုပ်မှု ရင်ဆိုင်ခဲ့ရတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ကယ်ဆယ်ရေးစခန်း အားလုံး ပိတ်သိမ်းပြီးဖြစ်တယ်လို့ တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနကနေ သိရပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့မှာလည်း င၀န်မြစ်ရေက စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး မြန်မာ့ကမ်းရိုးတန်းဒေသတွေမှာ လေပြင်းသတိပြုဖို့လိုအပ်နေပြီး မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့နဲ့ မွန်- တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာ လှိုင်းအမြင့် ရှစ်ပေကနေ ၁၁ ပေခန့်လောက်နဲ့ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်မှာ လေးပေကနေ ရှစ်ပေလောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Photo : DMH

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video