AD
AD
AD
play

 

ကရင်ပြည်နယ် မြ၀တီမြို့မှာ အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးကို ပထွေးဖြစ်သူက အင်္ကျီချိတ်နဲ့ ရိုက်နှက်နှိပ်စက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ (၂၅) ရက် မနက် ၉းဝဝ နာရီလောက်က မောင်အောင်ဝင်းထက်(ခ)ထော်ကြီး အသက်( ၅)နှစ်ကို ပထွေးဖြစ်သူ စိုင်းသော်ဇင် (၂၆) နှစ်က အင်္ကျီသံချိတ်နဲ့ ကျောကုန်း၊ တင်ပါး၊ ပေါင်၊ ဝမ်းဗိုက်၊ ပါးပြင်၊ ဦးခေါင်းတို့မှာ ဒဏ်ရာတွေရအောင် နှိပ်စက်ညှဉ်းပန်း ရိုက်နှက်ထားလို့ အဒေါ်ဖြစ်သူ မခိုင် (၄၆) နှစ်က မြဝတီမြို့မရဲစခန်းသို့ လာရောက်တိုင်ကြားခဲ့တာလို့ သိရပါတယ်။

 

မခိုင်၏တိုင်တန်းချက်အရ မြဝတီမြို့မရဲစခန်းမှ ၁၉၉၃ ကလေးသူငယ်ဆိုင်ရာဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် လက်ခံအမှုဖွင့်ပေးခဲ့ပြီး ကလေးငယ်ကို မတရားရိုက်နှက်တဲ့ ပထွေး စိုင်းသော်ဇင်အား မြဝတီရဲတပ်ဖွဲ့မှ ဖမ်းဆီးအမှုကို မြဝတီမြို့နယ်တရားရုံးမှ အမှုကြီးအမှတ်စဉ် ၁၆၈၄/၂ဝ၁၇ နဲ့  စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : News Watch

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD