AD
AD
AD
play

 

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်ကနေ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ထိ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ စာကြည့်တိုက်မှူး၊ နိုင်ငံ့ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အပြစ်မဲ့ပြည်သူတွေ အပါအ၀င် (၇၉) ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သမားများ၏ ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ပြည်သူ (၃၇) ဦး ပျောက်ဆုံးခဲ့ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ကလည်း ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၂၆ ရက်ကနေ ဒီနေ့အထိ သေဆုံးခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေ၊ ရခိုင်တိုင်းရင်းသားတွေ၊ ဒိုင်းနက်၊ မြို၊ နိုင်ငံ့ဝန်ထမ်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အပြစ်မဲ့ပြည်သူတွေ (၈၄) ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သမားတွေရဲ့ဖမ်းဆီးခေါ်ဆောင်သွားလို့ အပြစ်မဲ့ပြည်သူ (၅၄) ဦး ပျောက်ဆုံးခဲ့ပါတယ်။

play

 

မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်နေ့ကနေ စက်တင်ဘာ ၂၆ ရက်နေ့အထိ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးသူ (၁၆၃) ဦးနဲ့ ပျောက်ဆုံးနေသူ (၉၁)နဲ့ စုစုပေါင်း ဆုံးရှုံးမှု ၂၅၄ ဦး ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

အာဆာ(ARSA) အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်တာကိုခံရပြီး ပျောက်ဆုံးနေတဲ့ မောင်တောမြို့နယ်မှ ဟိန္ဒူဘာသာဝင် ၁၀၀ ထဲက ၂၈ ဦးရဲ့ ရုပ်အလောင်းတွေမြုပ်နှံထားတဲ့ မြေကျင်းနှစ်ကျင်းကို လုံခြုံရေးအဖွဲ့က စက်တင်ဘာ ၂၄ ရက်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ်အလောင်းတွေ မြုပ်ထားတဲ့ မြေကျင်းနှစ်ကျင်းကိုစက်တင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းမှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။

Source & Photos : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD