AD
AD
AD
play
သတ်ဖြတ်ခံရသည့် မိသားစုဝင်ရုပ်အလောင်းများတွေ့ရှိခဲ့လို့ ပူးဆွေးနေသည့် ဟိန္ဒူအမျိုးသမီးတစ်ဦး။

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် အိုးထိန်းကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၄၄ ဦး ထပ်မံပျောက်ဆုံးနေပြီး ရဲဘော်ကျကျေးရွာက ပျောက်ဆုံးနေတဲ့ ဟိန္ဒူဘာသာဝင် ၄၈ ဦး ကို ရှာမတွေ့သေးတာကြောင့် စုစုပေါင်း ၁၉၂ ဦး ပျောက်ဆုံးနေတယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ပျောက်ဆုံးနေတဲ့ ဟိန္ဒူဘာသာဝင်တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေ ပူးပေါင်းပြီး ရှာဖွေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂၆ ရက်မှာ အကြမ်းဖက်သမားတွေရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် မောင်တောမြို့က ဆောက်လုပ်ဆဲ ခရိုင်တရားရုံးမှာ ဟိန္ဒူဘာသာဝင်ခြောက်ဦးနဲ့ မောင်တောမြို့ထဲကနေအိမ်တစ်အိမ်မှာ ဟိန္ဒူဘာသာဝင် ကလေးငယ်တစ်ဦး စုစုပေါင်း ခုနစ်ဦးသေဆုံးခဲ့ပါတယ်။

 

ဒါ့အပြင် မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာက ဟိန္ဒူဘာသာဝင်တွေပျောက်ဆုံးနေလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဟိန္ဒူဘာ သာရေးခေါင်းဆောင် ဦးနီမောလ် အပါအ၀င် ဟိန္ဒူဘာသာဝင်တွေ ပူးပေါင်းရှာဖွေရာ စက်တင်ဘာ ၂၄ ရက်မှာ အကြမ်းဖက်သမားတွေ သတ်ဖြတ်မြှုပ်နှံထားတဲ့ ရုပ်အလောင်း ၂၈ လောင်း တွေ့ရှိခဲ့ပြီး စက်တင်ဘာ ၂၅ ရက်မှာ ရုပ်အလောင်း ၁၇ လောင်းတွေ့ရှိခဲ့ပါတယ်။

ဩဂုတ် ၂၅ ရက်က စတင်ပြီး တစ်ကျော့ပြန်ဖြစ်ပွားခဲ့တဲ့ မောင်တောဒေသအကြမ်းဖက်မှုဖြစ်စဉ်မှာ ဟိန္ဒူဘာသာဝင် စုစုပေါင်း ၅၂ ဦးသေဆုံးခဲ့ပြီး နှစ်ရာနီးပါးပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ARSA အစွန်းရောက် အကြမ်းဖက်သမားတွေတိုက်ခိုက်မှုကြောင့် ဟိန္ဒူဘာသာဝင်မိသားစု ၅၆၃ စု၊ လူဦးရေ ၂,၇၅၂ ဦး တို့က နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ကြရပြီး စစ်တွေ၊ မောင်တောနဲ့ ဘူးသီးတောင်မြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။

Source : 7Daydaily

Photo : Nyein Chan Naing (EPA)

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Local News


AD