AD
AD
AD
play

 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ပြင်သစ်နိုင်ငံက ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

လာမယ့်အောက်တိုဘာလမှာ ကုလသဂ္ဂလုံခြုံရေးကောင်စီရဲ့ ဥက္ကဋ္ဌရာထူးတာဝန်ရယူမယ့် ပြင်သစ်နိုင်ငံက ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာကိုဖီအာနန်ကို လာမယ့် စက်တင်ဘာ ၂၇ ရက်မှာ တွေ့ဆုံဖို့ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်တွင်း ပညာရှင်ခြောက်ဦး၊ ပြည်ပပညာရှင်သုံးဦး စုစုပေါင်း ကိုးဦးနဲ့ ၂၀၁၆ စက်တင်ဘာလမှာ ဖွဲ့စည်းခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်က တာဝန်ယူခဲ့တာပါ။

play

 

ကော်မရှင်စတင်ဖွဲ့စည်းချိန်ကစပြီး တစ်နှစ်အတွင်း စစ်တွေ၊ မြောက်ဦး၊ မြေပုံ၊ ကျောက်တော်၊ သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မောင်တော၊ ဘူးသီးတောင်၊ ရန်ကုန်နဲ့ နေပြည်တော် အပါအ၀င် ဘန်ကောက်၊ ဒါကာ၊ ကော့ဘဇားနဲ့ ဂျီနီဗာမြို့တွေကို သွားရောက်ကာ တွေ့ဆုံဆွေးနွေးပွဲ ၁၅၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ အကြမ်းဖက်ခံ ရမှုဖြစ်စဉ်က အကြံပေးကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာ ထွက်ရှိပြီး နာရီပိုင်းအကြာမှာ အချိန်ကိုက်ဖြစ်ပွားခဲ့ပြီး အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အမေရိကန်၊ တရုတ်၊ ရုရှား စတဲ့ နိုင်ငံတွေ အပါအ၀င် နိုင်ငံအများစုက ထောက်ခံကြိုဆိုကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

Source : 7DayDaily

Photos : UN

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD