AD
AD
AD
play

 

မဘသအဖွဲ့နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က အရင်အချိန်တုန်းက တစ်ဖက်နဲ့တစ်ဖက် ပြောဆိုခဲ့တာတွေကို သင်ပုန်းချေဖို့ နှစ်ဖက်သဘောတူညီမှု ရရှိခဲ့တယ်လို့  မဘသအဖွဲ့ (ယခု ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း) ဦးဆောင်ဆရာတော်တွေဆီကနေ သိရပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၄၀ မှာ ဗုဒ္ဒဓမ္မ ပရဟိတ ဖောင်ဒေးရှင်းနဲ့ မန္တလေး မဘသအဖွဲ့တို့က ရခိုပြည်နယ်ပဋိပက္ခ ဖြစ်စဉ်မှာ နစ်နာဆုံးရှုံးခဲ့တဲ့ တိုင်းရင်းသားတွေကို ကူညီထောက်ပံ့ဖို့ ကျပ်သန်း ၅၀ဝ ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးကို သွားရောက်လှူဒါန်းရင်း အခုလိုသဘောတူခဲ့တာပါ။

play

 

“လက်ရှိ ရခိုင်ပြည်နယ် အရေးကိစ္စဖြစ်စဉ်အပေါ် ဆရာတော်တို့ အစိုးရအဖွဲ့နဲ့ တစ်သားထဲရှိတယ်ဆိုတဲ့ ကိစ္စတွေကို ဝန်ကြီးချုပ်ကို ပြောခဲ့တယ်။ ပြီးတော့ ယခင်က တိုင်းဝန်ကြီးချုပ်က မဘသ အလိုမရှိဘူး။ ပြီးတော့ တစ်ဘက်နှင့်တစ်ဘက် ပြောဆိုခဲ့တာတွေကို သင်ပုန်းချေပြီး ပူးပေါင်း ဆောင်ရွက်သွားဖို့ ပြောဆိုဆွေးနွေးခဲ့ကြပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့ ဗုဒ္ဓဓမ္မ ပရဟိတ ဦးဆောင်ဆရာတော်တစ်ပါးက The Voice သတင်းစာကို မိန့်ကြားပါတယ်။

အဆိုပါ အလှူငွေလှူဒါန်းပွဲကို ဗုဒ္ဓဓမ္မ ပရဟိတဖောင်ဒေးရှင်း (ဗဟို) ဥက္ကဋ္ဌဖြစ်တဲ့ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီး ကိုယ်စား ရွှေရတုတိပိဋကဓရ မော်ကျွန်းဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသ၊ မဇ္ဈိမဂုဏ်ရည်ဆရာတော် ဒေါက်တာအရှင်ကောဝိဒ၊ သိမ်ဇရပ်ဆရာတော် အရှင်ပညာဝရ၊ အထက်မြန်မာပြည် မန္တလေးမြို့ မဘသအဖွဲ့ အတွင်းရေးမှူးချုပ်ဆရာတော် ဘဒ္ဒန္တကုသလ (ပါဠိပါရဂူ) တွဲဖက် အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တဝဏ္ဏိတနဲ့ ဆရာတော် ဒေါက်တာအရှင်တေဇနိယတို့ ကြွရောက်ခဲ့တယ်လို့ သိရပါတယ်။

Source : The Voice

Photos : Phyo Min Thein Facebook

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD