AD
AD
AD
play

 

ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဒီနေ့( စက်တင်ဘာလ ၂၈ ရက်)မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့  နိုင်ငံတကာသံတမန်တွေရဲ့ ခရီးစဉ်ကို ရာသီဥတုအခြေအနေကြောင့်
ရွှေ့ဆိုင်းလိုက်ရတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

အစိုးရတာဝန်ရှိသူတွေနဲ့ နိုင်ငံတကာ သံတမန် ၅၀ကျော်က ရခိုင်ပြည်နယ်ကို ဒီနေ့ မနက် ၆ နာရီ လေယာဉ်ခရီးစဉ်နဲ့ သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ရာသီဥတုအခြေအနေက လေယာဉ်ပျံသန်းဖို့ မဖြစ်နိုင်တာကြောင့် ခရီးစဉ်ရွှေ့ဆိုင်း လိုက်ရတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဌ တာဝန်ယူထားတဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက
အဆိုပါခရီးစဉ်မှာ လိုက်ပါဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် ခရီးစဉ်ဖျက်လိုက်ရလို့ သံတမန်တွေရဲ့ရခိုင်ပြည်နယ် ခရီးစဉ်ကို လာမယ့် အောက်တိုဘာလ ၂ ရက်ကို ရွှေ့ဆိုင်းထားတယ်လို့ သိရပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD