AD
AD
AD
play
ရိပ်သာတစ်ခုတွင် ခိုလှုံနေသော သက်ကြီးရွယ်အိုများ။

 

နိုင်ငံအတွင်းက အချက်အချာကျတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နောင် ၁၃ နှစ်အကြာမှာ သက်ကြီးရွယ်အိုဦးရေတိုးနှုန်း အမြင့် ဆုံးအခြေအနေနှင့် ကြုံတွေ့လာမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။

၂၀၁၄ ခုနှစ်က ကောက်ယူထားတဲ့ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံထားတဲ့ သက်ကြီးရွယ်အိုအကြောင်းအရာ သုတေသနစာတမ်းကို စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နိုင်တဲ့ သက်ကြီးရွယ်အို အညွှန်းကိန်း ခန့်မှန်းချက်တွေကို ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အသက်(၆၀)နဲ့ အထက်လူဦးရေက နှစ်စဉ် ၂ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်နေပြီး ကျေးလက်ထက် မြို့ပြမှာ သက်ကြီးရွယ်အိုဦးရေ ပိုများလာတယ်လို့ ဆိုပါတယ်။

play

 

လက်ရှိနှုန်းအတိုင်း ဆက်တိုးနေဦးမယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ အချက်အချာကျတဲ့ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ အသက်(၆၀)နဲ့ အထက် သက်ကြီးရွယ်အိုဦးရေတိုးနှုန်း အမြင့်ဆုံးအခြေအနေတွေ ကြုံတွေ့လာမယ်လို့ သုံးသပ်ထားပါတယ်။

အဆိုပါ သုတေသနစာတမ်းအရ လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ အသက်(၆၀)နှင့်အထက် သက်ကြီးရွယ်အိုဦးရေ ၄ ဒသမ ၅ သန်းခန့်ရှိပြီး ၂၀၅၀ ပြည့်နှစ်မှာ အဆိုပါဦးရေရဲ့ သုံးဆခန့်(၁၃ သန်း) ရှိလိမ့်မယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။

Source : 7DayDaily

Photos : 7DayDaily,MCN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD