AD
AD
AD
play
ကမ်းနားလမ်း ညဈေးတန်းမြင်ကွင်း။

 

ရန်ကုန်မြို့ရဲ့ဒုတိယမြောက်ညဈေးကို သီတင်းကျွတ်အပြီးမှာ ဖွင့်လှစ်သွားမယ်လို့ ပုဇွန်တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါတယ်။

အဆိုပါ ဒုတိယမြောက် ညဈေးကို  ဗိုလ်တထောင်မြို့နယ် ၅၂ လမ်းမှာ ဖွင့်လှစ်သွားမှာဖြစ်ကာ သက်ဆိုင်ရာ စည်ပင်သာယာနဲ့ ညှိပြီး သီတင်းကျွတ်အပြီး ဖွင့်ဖို့ရည်မှန်းထားတယ်လို့ ဦးတင်လွင်က ဆိုပါတယ်။

play
အသစ်ဖွင့်လှစ်မည့် ၅၂ ညဈေးတန်းနေရာ။

 

အဆိုပါညဈေးမှာ မနက်ပိုင်း ဈေးအဖြစ် သားငါးရောင်းချတဲ့ ဈေးသည်တွေကို မနက် ၆ နာရီကနေ နေ့လည် ၁၁ နာရီအထိ ရောင်းချခွင့်ပေးမှာဖြစ်ပြီး ညဈေးအဖြစ် အစားအသောက် ရောင်းချတဲ့ ဈေးသည်တွေကို နေ့လယ် ၃ နာရီကနေ ည ၁၁ နာရီအထိ ရောင်းချခွင့်ပြုမှာ ဖြစ်ပါတယ်။

အခုဖွင့်လှစ်မယ့် ညဈေးမှာ ဗိုလ်တထောင် ဘုရားလမ်း၊ အထက် ပုဇွန်တောင်လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတို့မှာ ရောင်းချနေတဲ့ လမ်းဘေးဈေးသည် ၁၉၀ ကျော်ကို နေရာချထားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ရဲ့ပထမဦးဆုံး ညဈေးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဦးစီးဖော်ဆောင်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်းမှာ ၂၀၁၆ နိုဝင်ဘာလမှာ ဖွင့်လှစ်ခဲ့ပါတတယ်။

Source : 7DayDaily

Photos : Tin Oo

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD