AD
AD
AD
play
လာအိုပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် ဒေါက်တာစိုးထွဋ်အောင်(ယာအစွန်)နှင့်အဖွဲ့သားများ။

 

စက်တင်ဘာလ ၂၄ ရက် လာအိုနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လန်ရိုဗာလမ်းကြမ်းကားမောင်းပြိုင်ပွဲမှာ မြန်မာနိုင်ငံမှ လမ်းကြမ်းကားမောင်း ဝါသနာရှင် ဒေါက်တာစိုးထွဋ်အောင်က လန်ရိုဗာ အတွေ့အကြုံ ခရီးစဉ်ပြိုင်ပွဲ ပထမပတ်လည် ပြိုင်ပွဲမှာ အနိုင်ရရှိခဲ့ပြီး ပီရူးနိုင်ငံမှာ ကျင်းပမယ့် ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခွင့် ရရှိသွားတယ်လို့ သိရပါတယ်။

“ပီရူးနိုင်ငံမှာ တွေ့ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ ကြိုတင်မျှော်လင့်နေပြီး ကျွန်တော့်ရဲ့ ကားမောင်းကျွမ်းကျင်မှုကို စမ်းသပ်ကြည့်ရမှာပါပဲ။ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသနဲ့ ကားလမ်းမပေါက်တဲ့ နယ်မြေတွေမှာ အလေ့အကျင့်ရခဲ့တော့ ကျွန်တော့်အနေနဲ့ တခြားကားမောင်း သမားတွေထက် အခွင့်အရေး ပိုရမယ်လို့ မျှော်လင့်မိပါတယ်”လို့ ဒေါက်တာစိုးထွဋ်အောင်က ပြောပါတယ်။

play

 

ဒေါက်တာစိုးထွဋ်အောင်က ပီရူးနိုင်ငံမှာ ကျင်းပမယ့် Land Rover Experience Tour 2017 ကို ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ကာ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ကို ပီရူးနိုင်ငံရှိ ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၄၂၀ဝ ရှိ အင်ဒီးစ် တောင်တန်းတွေပေါ်မှာ ခြောက်ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေက ထူထပ်တဲ့သစ်တောတွေကို ဖြတ်သန်းပြီး သွားလာဖို့ခက်ခဲတဲ့ အယ်လ်ပိုင်းတောင်တန်းရဲ့ ရေခဲပြင်ပေါ်မှာ ယှဉ်ပြိုင်မောင်းနှင်မှုတွေ ပြုလုပ်ရမှာဖြစ်တယ်လို့ လန်ရိုဗာမြန်မာထံကုမ္ပဏီကနေ သိရပါတယ်။

လာအိုခရီးကြမ်းပြိုင်ပွဲမှာ ဆုရခဲ့တဲ့ ဒေါက်တာစိုးထွဋ်အောင်က NGO တစ်ခုမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တစ်ဦးဖြစ်ပြီး 4x4 Myanmar နဲ့ မြန်မာနိုင်ငံ လန်ရိုဗာကလပ် အသင်းဝင်ဖြစ်ကာ မြန်မာနိုင်ငံလမ်းကြမ်းမောင်းသူများအဖွဲ့ (Myanmar Off Road Association) ကို တည်ထောင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

Source : The Voice

Photos : Land Rover Myanmar

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD