Local News: မောင်တောမှာ တိုင်းရင်းသားကျေးရွာတွေ စဆောက်ဖို့ စီစဉ်

တိုက်အိမ်တွေ ဆောက်လုပ်သွားမှာပါ။

play

 

အကြမ်းဖက်မှုတွေကြောင့် ရွာသားတွေ အသတ်ခံရကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာခံခဲ့ရတဲ့မောင်တောမြို့နားက တိုင်းရင်းသား ကျေးရွာတွေကို လာမယ့် အောက်တိုဘာ ၁၆ ရက်မှာ တိုက်အိမ်တွေ ပြန်လည်ဆောက်လုပ်ပေးသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

“ရွာလုံးကျွတ် မီးလောင်သွားတဲ့ တိုင်းရင်းသား လူနည်းစုကျေးရွာတွေ၊ မြိုတွေ၊ ဒိုင်းနက်တွေမှာ ကျွန်တော်တို့ အမြန်ဆုံး ဆောက်လုပ်ပေးသွားမှာပါ။ အခုလာမယ့် တနင်္လာနေ့ကစပြီး အိမ်တွေ ဆောက်ပေးမှာပါ။ ဆောက်ပေးတဲ့အခါမှာလည်း ကွန်ကရစ်နဲ့ အုတ်နဲ့ တိုက်အိမ်လေးတွေ ဆောက်လုပ်ပေးသွားမှာပါ”လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

play
အကြမ်းဖက်သမားတွေ မီးရှို့မှုကြောင့် မီးလောင်နေသောကျေးရွာများ။

 

ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၁၃ ရက်နေ့မှာ အဆိုပါဒေသကို သွားရောက်မှာဖြစ်ပြီး တစ်ရွာလုံးမီးလောင် ပျက်စီးသွားတဲ့ ကျေးရွာနေရာတွေကို ဦးစားပေးပြီး အမြန်ဆုံး ဆောက်လုပ်မယ်လို့ လူကယ်ပြန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

 

“လမ်းပြင်ဖို့ကို နိုင်ငံတော်အတိုင်ပင်ခံက ဦးစားပေး လုပ်ခိုင်းတယ်”လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေး အစည်းအဝေးကို နိုဝင်ဘာ ၁၁ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော် အတိုင်ပင်ခံရုံး အစည်းဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။

Source : The Voice

Photos : VOA,State Counsellor Office

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ