Local News: မြစ်ကြီးနားနဲ့ ဂန့်ဂေါမြို့နားမှာ ငလျင်နှစ်ခုလှုပ်

စက်တင်ဘာလ နောက်ပိုင်းမှာ ငလျင်လှုပ်ခတ်မှု ၁၄ ကြိမ်အထိ ရှိနေပြီ ဖြစ်ပါတယ်။

play

 

မြစ်ကြီးနားမြို့နဲ့ ဂန့်ဂေါမြို့နားကို ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်နှစ်ကြိမ် ဒီနေ့မနက်ပိုင်းက လှုပ်ရှားသွားခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရဲ့အရှေ့-အရှေ့တောင်ဘက် ၃၆ မိုင်လောက်အကွာကို ဗဟိုပြုပြီး အင်အားရစ်(ခ်ျ)တာစကေး ၄ ဒဿမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု အောက်တိုဘာလ ၁၃ ရက် မနက် ၁ နာရီလောက်က လှုပ်ရှားခဲ့ပြီး မနက် ၈ နာရီလောက်မှာတော့ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နားမှာ ရစ်(ခ်ျ)တာစကေး ၃ဒဿမ၉ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံလှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံ ပြည်တွင်းကို ဗဟိုပြုပြီး ၂၀၁၇ ဇန်နဝါရီကနေ အောက်တိုဘာ ၁၃ရက်အထိ အင်အားအနည်းငယ်ငနေ အသင့်အတင့်ရှိတဲ့ ငလျင် ၄၈ ကြိမ်လှုပ်ခဲ့ပြီး စက်တင်ဘာလ နောက်ပိုင်းမှာ ငလျင်လှုပ်ခတ်မှု ၁၄ ကြိမ်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ