Local News: ရထားလမ်းပိုင်းအဆင့်မြှင့်ပြီးရင် ရန်ကုန်-မော်လမြိုင် ခြောက်နာရီပဲမောင်းရတော့မယ်လို့ ဆို

လက်ရှိအချိန်မှာ ရန်ကုန်ကနေ မော်လမြိုင်ကို ခုတ်မောင်းချိန် ကိုးနာရီကြာမြင့်နေပါတယ်။

play

 

ရထားလမ်းပိုင်း အဆင့်မြှင့်တင်တဲ့ လုပ်ငန်းတွေပြီးစီးရင် ရန်ကုန်နဲ့မော်လမြိုင် မီးရထားခုတ်မောင်းချိန် ခြောက်နာရီပဲ ကြာမြင့်တော့မယ်လို့ မြန်မာ့မီးရထား (တိုင်းအမှတ်-၈) (မော်လမြိုင်ဘူတာ) အင်ဂျင်နီယာ ဦးမျိုးဇော်တူးက ပြောပါတယ်။

‘‘မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေကို မြန်မာ့မီးရထားက ကိုယ်ထူကိုယ်ထ အစီအစဉ်နဲ့ လုပ်ဆောင်နေတာပါ။ ၂၀၁၉ မတ်လမှာ မီးရထားလမ်းပိုင်း  အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ အားလုံး ပြီးစီးပါ မယ်’’လို့ ဦးမျိုးဇော်တူးက ပြောပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်ကနေ မော်လမြိုင်ကို ရထားခုတ်မောင်းချိန် ကိုးနာရီကျော် ကြာမြင့်ပြီး လုပ်ငန်းတွေပြီးစီးရင် ရန်ကုန်ကနေ မော်လမြိုင်ကို လေအိတ်ရထားတွဲတွေနဲ့ ပြေးဆွဲမယ်လို့ သိရပါတယ်။

play

 

လက်ရှိအချိန်မှာတော့ ရန်ကုန်ဘူတာကြီးကနေ ပဲခူးဘူတာအထိ ၄၆ ဒသမ ၅ မိုင်၊ ပဲခူးဘူတာကနေ စစ်တောင်းတံတားအထိ ၃၁ မိုင်၊ စစ်တောင်းတံတားကနေ တောင်စွန်းဘူတာအထိ ၃၂ ဒသမ ၅ မိုင် အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေ ပြီးစီးနေပြီလို့ သိရပါတယ်။

 

အဆိုပါ ရထားလမ်းပိုင်းအဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေက ၂၀၁၉ မတ်လမှာ ပြီးစီးမယ်လို့ သိရပြီး ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းကို မုတ္တမကွန်ကရစ်ဇလီဖားတုံးစက်ရုံက ထုတ်လုပ်တဲ့ ကွန်ကရစ်ဇလီဖားတုံးတွေနဲ့ ပေါင်ဘူတာရုံရှိ ကိုးချောင်းဆက် သံလမ်းအလုပ်ရုံမှ သံလမ်းတွေအပါအ၀င် မွန်ပြည်နယ်ရှိ ကျောက်မိုင်းတွေကနေ ထွက်ရှိတဲ့ ကျောက်တွေနဲ့ အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။

Source : 7DayDaily

Photos : Japan Times

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ