play


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ၊ ကျွန်းကြီးကျေးရွာမှာ သစ်သားနဲ့ပြုလုပ်ထားတဲ့ လေယာဉ်ငယ်တစ်စီးကို ဒေသခံလူပယ်တစ်ဦးဖြစ်တဲ့ ကိုကျော်ဇင်ဝင်းက တီထွင်ခဲ့တယ်လို့ သိရပါတယ်။

ဒီလေယာဉ်ကို ရှစ်လလောက် အချိန်ယူ တည်ဆောက်ခဲ့ပြီး စက်တွေတပ်ဆင်ဖို့ကိုလည်း လေ့လာမေးမြန်း တပ်ဆင်ထားတယ်လို့ တီထွင်သူ ကိုကျော်ဇင်ဝင်းက ပြောပါတယ်။

ကိုယ်တိုင်လေယာဉ်တည်ဆောက်ခဲ့တဲ့ ကိုကျော်ဇင်ဝင်းက လေယာဉ်ကွင်းကို မရောက်ဖူးသလို လေယာဉ်ပျံတွေကိုလည်း တစ်ခါမှ သွားမလေ့လာဖူးဘူးခဲ့ပဲ ကိုယ့်စိတ်ကူးနဲ့ ကိုယ် တည်ဆောက်ခဲ့တာလို့ ဆိုပါတယ်။

play

 

ဒီလေယာဉ် တည်ဆောက်မှုက ငွေကျပ် (၁၅) သိန်းနီးပါး ကုန်ကျခဲ့ပြီး လေယာဉ်ကိုယ်ထည်ကို ကျွန်းသားနဲ့ ပြုလုပ်ထားကာ ဘီးကိုတော့ ဆိုင်ကယ်ဘီး (၃) လုံး တပ်ထားကာ တစ်ဦးပဲ စီးလို့ ရပါတယ် လို့ ကိုကျော်ဇင်ဝင်းက ပြောပါတယ်။

လေယာဉ်ကအလျား ၁၄ ပေ၊ တောင်ပံ ၁၇ပေရှိပြီး တောင်ပံ၊ ကိုယ်ထည်တွေကို ကျွန်းသားနဲ့ ပြုလုပ်ထားကာ ဓာတ်ဆီအင်ဂျင်က ဟွန်ဒါအမျိုးအစား မြင်းကောင်ရေ ၁၆ ကောင်အား တပ်ဆင်ထားတယ်လို့ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ ကိုကျော်ဇင်ဝင်းက လေယာဉ် စမ်းသပ်ပျံသန်းခွင့်ရဖို့ သက်ဆိုင်ရာကို တင်ပြထားတယ်လို့ သိရပါတယ်။

Source & Photos : 5 Plus

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video