AD
AD
AD
play

 

မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာက လေယာဉ်ငယ်တီထွင်ခဲ့တဲ့ လူငယ်တစ်ဦးဖြစ်သူ ကိုကျော်ဇင်ဝင်းကို လေယာဉ်တည်ဆောက်ပုံ နည်းပညာတွေကို လေ့လာဖို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ရှစ်လလောက်ကစပြီး အလျား ၁၄ ပေ၊ တောင်ပံအရှည် ၁၇ ပေ၊ အမြင့် ၅ ပေခွဲရှိပြီး သံ၊ သစ်သားတွေနဲ့ ပြုလုပ်ထားကာ စက်လှေအသုံးပြု ၁၆ ကောင် အင်ဂျင် တပ်ဆင်ထားတဲ့ လေယာဉ်ငယ်ကို မုံရွာမြို့နယ် ကျွန်းကြီးကျေးရွာမှာနေတဲ့ လက်သမားအလုပ်လုပ်ကိုင်နေတဲ့ အသက်(၁၉)နှစ်အရွယ် ကိုကျော်ဇင်ဝင်းက တည်ဆောက်ခဲ့တာပါ။

play

 

‘‘ရန်ကုန်က လေကြောင်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတွေက ဒီကလေးကို ခေါ်ယူတာပါ။ လေယာဉ်ပျံ သန်းခွင့် ခွင့်ပြုမိန့်က အဲဒီက ပေးတာဆိုတော့ ခွင့်ပြုချက်တောင်း ရင်းပေါ့။ ကလေးရဲ့ဆန္ဒကလည်း လေယာဉ်တည်ဆောက်တဲ့ ပုံစံတွေ လေ့လာချင်တာလည်း ပါတယ်’’လို့ ကျွန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မြင့်က ပြောပါတယ်။

မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်က ‘‘လေယာဉ်ပျံသန်း ခွင့်က ကျွန်တော်တို့ ပေးလို့မရ ဘူး။ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ပေးတာ လို့ ရှင်းပြခဲ့တယ်။ ရန်ကုန်မှာရှိတဲ့ လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနက အဖွဲ့နဲ့ ဖုန်း ဆက်ပေးလို့ စကားတွေ ပြော တယ်။ လေယာဉ်တည်ဆောက်ပုံ တွေ သူတို့ဆီလာပြီး လေ့လာပါ။ သူတို့လည်း လေယာဉ်ပုံစံတွေ ရှင်းပြမယ်လို့ ပြောပါတယ်’’ လို့ ဆိုပါတယ်။

 

သက်ဆိုင်ရာ ခွင့်ပြုချက်မရှိဘဲ စမ်းသပ်မောင်းနှင်တာတွေလုပ်ရင် ဘေးအန္တရာယ် မကြုံတွေ့စေဖို့နဲ့ လေယာဉ်ငယ် တည်ဆောက်တဲ့ လူငယ်ကို ခေါ်ယူတွေ့ဆုံခဲ့တယ်လို့  ဦးကြည်နိုင်ကပြောပါတယ်။

Source : 7DayDaily

Photos : DVB

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD