AD
AD
AD
play

 

မှော်ဘီမြို့နယ်ကနေ လုယူလာတဲ့ အဖြူရောင်တက္ကစီကားတစ်စီးနဲ့အတူ အမျိုးသားသုံးဦးကို ပြည်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းဇော်ဟန်က ပြောပါတယ်။

ပေါင်းတည်မြို့နယ်ရဲတပ်ဖွဲ့ရဲ့သတင်းပေးချက်အရ ပြည်မြို့အ၀င် ရန်ကုန်ပြည်လမ်း၊ န၀ဒေးတံတားအောက်မှာ ပိတ်ဆို့စစ်ဆေးမှာ နိုဝင်ဘာ ၁၀ ရက် မနက် ၆ နာရီခန့်က ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။။

‘‘ကျွန်တော်တို့ကတော့ ဖမ်းဆီးပြီး မြို့မရဲစခန်းကို အပ်လိုက် တယ်။ ရဲစခန်းရဲ့ စစ်ဆေးချက်အရ မှော်ဘီစားသောက်ဆိုင်တစ် ဆိုင်မှာ ပိုက်ဆံမရှင်းနိုင်ဘဲ ထွက်လာပြီး တက္ကစီငှားတယ်။ တက္က စီသမားဆီကနေ ကားကိုလုပြီး ထွက်ပြေးလာတာလို့ သိရတယ်။ ဖမ်းဆီးခံရစဉ်ကလည်း လုယူလာတာပါလို့ ပြောတယ်’’လို့ ဒုရဲမှူးဝင်းဇော်ဟန်က ပြောပါတယ်။

 

အဆိုပါကားပေါ်မှာ မှော်ဘီမြို့နဲ့ တိုက်ကြီးမြို့တို့မှာ နေထိုင်တဲ့ အသက် (၂၀) အရွယ် အမျိုးသားနှစ်ဦးနဲ့ (၂၂) နှစ်အရွယ် အမျိုးသားတစ်ဦးတို့ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တရားခံသုံးဦးကို မှော်ဘီမြို့ မြို့မရဲစခန်းမှာ လုယက်မှုရာဇသတ်ကြီးပုဒ်မ ၃၉၂ အရ အမှုဖွင့်ထားလို့ ဖမ်းမိတဲ့ရက် မနက်က မှော်ဘီမြို့မရဲစခန်းကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ပြည်မြို့မရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Source & Photo : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD